ဂါဇာကမ်းမြောင်ဒေသ အပစ်အခတ်ရပ်စဲရေး နီးစပ်နေပြီလို့ အမေရိကန်ပြော

ဂါဇာ ။ မတ် ၆

ဂါဇာကမ်းမြောင်ဒေသ အပစ်အခတ်ရပ်စဲရေး ဖြစ်နိုင်တယ်လို့ မတ်လ ၆ရက် ဗုဒ္ဒဟူးနေ့ မှာ အမေရိကန်က ပြောပါတယ်။ တစ်ချိန်တည်းမှာပဲ တောင်အာဖရိကက ကမ္ဘာ့တရားရုံးကို ဂါဇာကိစ္စ ကြားဝင်ညှိနှိုင်း ပေးဖို့ကို လည်း တောင်းဆိုထားတယ်လို့ သိရပါတယ်။

ထင်ကြေးပေးနေကြတဲ့  စေ့စပ်ညှိနှိုင်းမှုဟာ အထစ်အငေါ့တွေ ရှိနေပေမယ့်လည်း အပစ်အခတ်ရပ်စဲရေး သဘောတူညီဖို့ ဖြစ်နိုင်သေးတဲ့ အခြေအနေမှာရှိနေတယ်လို့အမေရိကန်က ဗုဒ္ဓဟူးနေ့က ပြောဆိုလိုက်တာ ဖြစ်ပါတယ်။                

“အတားအဆီးတွေကို ကျော်လွှားမှ သဘောတူညီချက်တစ်ခု ရရှိနိုင်မှာဖြစ်တာမို့ အဲဒါကို ကျွန်တော်တို့ ဆက်လက်တွန်းအားပေးသွားမှာပါ” လို့  အမေရိကန်နိုင်ငံခြားရေးဌာန ပြောရေးဆိုခွင့်ရှိသူ မက်သရူး မစ်လာ  က ဝါရှင်တန်မှာ ပြောဆိုလိုက်တဉ ဖြစ်ပါတယ်။

ဂါဇာမှာ  အစ္စရေးကို လူမျိုးတုံးသတ်ဖြတ်မှုလို့  တောင်အာဖရိကနိုင်ငံဟာ သ ဟိတ်ဂ် က ကမ္ဘာ့တရားရုံးမှာ  ဇန်နဝါရီလက အမှုကို တင်သွင်းခဲ့ပါတယ်။ တောင်အာဖရိကက ပါလက်စတိုင်းအရပ်သားတွေ  ငတ်မွတ်မှုနဲ့ ရင်ဆိုင်နေရတဲ့ စစ်ပွဲတွေ ရပ်တန့်ရေးအပါအဝင် အရေးပေါ်အစီအမံအသစ်တွေ ချမှတ်ဖို့ ဗုဒ္ဓဟူးနေ့က တောင်းဆိုခဲ့တယ်လို့ သိရပါတယ်။

“အစာခေါင်းပါးမှုအားလုံးရဲ့ ခြိမ်းခြောက်မှုဟာ အခု ရုပ်လုံးပေါ်လာပါပြီ။ ကြုံလာတော့မယ့် အဖြစ်ဆိုးကို ရပ်တန့်ဖို့ တရားရုံးက အခုပဲ အရေးယူဖို့ လိုပါတယ်” လို့  တောင်အာဖရိက သမ္မတက ကြေညာချက် ထုတ်ထားတယ်လို့ လည်း သိရပါတယ်။

Ref: cna

ပုံစာဂါဇာ ရဲ့ ဒီနေ့ မြင်ကွင်း

Feature Image Credit: REUTERS/Mohammed Salem

Visited 8 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *