ဂါဇာကမ်းမြောင်ဒေသ အပစ်အခတ်ရပ်စဲရေး အတွက် လုံခြုံရေးကောင်စီအနေနဲ့ ဖိအားတွေ ရင်ဆိုင်နေရ

နယူးယောက်၊ ဒီဇင်ဘာ ၁၈

ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အနေနဲ့  ဂါဇာမှာ “အရေးတကြီးလိုအပ်နေတဲ့ ရေရှည်တည်တံ့တဲ့ ရန်လိုမှုတွေ ရပ်တန့်ရေး” အတွက် ဝိုင်းဝန်းတောင်းဆိုနေတဲ့  ဆုံးဖြတ်ချက်သစ်တစ်ရပ်ကို  ဒီဇင်ဘာ ၁၈ရက် တနင်္လာနေ့မှာ မဲခွဲဆုံးဖြတ်မယ်လို့ သိရ ပါတယ်။

ပြိုကျပျက်စီးနေတဲ့ ပါလက်စတိုင်းနယ်မြေမှာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အပစ်အခတ်ရပ်စဲရေး ကိုတောင်း ဆိုခဲ့တဲ့ အရင် ပထမအကြိမ်လုံခြုံရေးကောင်စီရဲ့  ဆုံးဖြတ်ချက်ကို အမေရိကန်က ပိတ်ဆို့ခဲ့ပြီး  အစ္စရေးကလည်း သူတို့ အပေါ် မကြုံစဖူးတိုက်ခိုက်မှုကို လက်တုံ့ပြန်တဲ့အနေနဲ့ အသေအပျောက်များတဲ့ တိုက်ခိုက်မှုတွေကို ဆက်ပြီး လုပ်နေတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ၁၂ရက်  အထွေထွေညီလာခံမှာ ကုလသမဂ္ဂအဖွဲ့ဝင် ၁၉၃ နိုင်ငံက အပစ်အခတ်ရပ်စဲရေးအတွက် တခဲနက်မဲပေးခဲ့ပြီး ထောက်ခံမဲ ၁၅၃ မဲအထိပေးခဲ့ပါတယ်။ဒီအရေအတွက်ဟာ ယူကရိန်းကို ကျူးကျော်မှုအတွက် ကျောထောက်နောက်ခံပေးနေတဲ့ နိုင်ငံပေါင်း ၁၄၀ ကျော်ထက်ကျော်လွန်သွားခဲ့တဲ့ ပမာဏ လည်း ဖြစ်ပါတယ်။

အာရပ်စော်ဘွားများ ပြည်ထောင်စုက ရေးဆွဲထားတဲ့ မူကြမ်းအသစ်မှာတော့ ဂါဇာကမ်းမြှောင်မှာ လူသားချင်း စာနာ ထောက်ထားမှု ရှိပြီး ရန်လိုမှုတွေ ရပ်တန့်ဖို့ အရေးပေါ် တောင်းဆိုထားပါတယ်။ ဒါ့အပြင် ပါလက်စ တိုင်းအာဏာ ပိုင်လက်အောက်မှာ အနောက်ဘက်ကမ်းနဲ့ ဂါဇာကမ်းမြှောင်ကို ပေါင်းစည်းဖို့ကလည်း အရေးကြီးကြောင်း အလေး ပေးဖော်ပြထားတယ်လို့ သိရပါတယ်။

အစ္စရေးနဲ့ အမေရိကန်တို့က တော့  “ဓားစာခံအားလုံးကို ခြွင်းချက်မရှိ ချက်ချင်းလွှတ်ပေးဖို့” နဲ့ အရပ်သားတွေကိုအပေါ် တိုက်ခိုက်မှုအားလုံးကို ရှုတ်ချ တယ်လို့ ဖော်ပြထားပေမယ့်  ဟားမတ်စ်ရဲ့ နာမည်ကို အတိအလင်း ဖော်ပြထားတာ မရှိ ဘူးလို့ သိရပါတယ်။

Ref: AFP/ga

ပုံစာ။ ကုလသမဂ္ဂဆိုင်ရာ ပါလက်စတိုင်းသံအမတ်ကြီး Riyad Mansour  နယူးယောက်မြို့က ကုလသမဂ္ဂဌာနချုပ်မှာ  ဂါဇာကမ်းမြောင်ဒေသဆိုင်ရာ မိန့်ခွန်းပြောနေပုံ

Feature Image Credit: AFP/File/Charly TRIBALLEAU

Visited 4 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *