အလာဘာမား၊ မတ် ၃
အမေရိကန်ဒုသမ္မတ ကမ်မလာ ဟဲရစ် က အစ္စရေး-ဟားမတ်စ်စစ်ပွဲအတွက် အဆိုပြုထားတဲ့ ခြောက်ပတ်ကြာ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို လက်ခံဖို့ မတ်လ ၃ရက် တနင်္ဂနွေနေ့မှာ တောင်းဆိုခဲ့ပြီး ဂါဇာကမ်းမြောင် အတွက် အကူအညီတွေ မလုံလောက်မှုအပေါ် အစ္စရေးကို ဝေဖန်ပြောဆိုခဲ့တယ်လို့ သိရပါတယ်။
“ဂါဇာကမ်းမြောင်ဒေသမှာ ကြီးမားတဲ့ ဝေဒနာခံစားရမှု အတိုင်းအတာအရ အနည်းဆုံး နောက်ထပ်ခြောက် ပတ်ကြာ အပစ်အခတ်ရပ်စဲရေး ချက်ချင်းလုပ်ရမယ်” လို့ အလာဘားမားမှာ ပြောခဲ့တဲ့ ဒီနေ့မိန့်ခွန်းမှာ ကမ်မလာ ဟဲရစ်က ပြောဆိုလိုက်တာ ဖြစ်ပါတယ်။
သမ္မတ ဂျိုးဘိုင်ဒင်က အစ္စရေးကို ထောက်ခံမှုနဲ့ ဂါဇာမှာ အရပ်သားသေဆုံးမှုတွေ တိုးမြင့်လာတာကြောင့် သူ့ရဲ့မှတ်ချက်တွေဟာ စစ်ပွဲစပြီးကတည်းက အစ္စရေးအပေါ် အပြင်းထန်ဆုံး ပေးလိုက်တဲ့ မှတ်ချက်စကားလည်း ဖြစ်တယ်လို့ မီဒီယာတွေက ဖော်ပြကြပါတယ်။
ဟားမတ်စ်တို့ ဖမ်းထားတဲ့ အန္တရာယ်ရှိနေတဲ့ ဓားစာခံတွေကို လွှတ်ပေးဖို့ သဘောတူပါက အစ္စရေးဘက်က လည်း ခြောက် ပတ်ကြာ ပစ်ခတ်တိုက်ခိုက်မှုမလုပ်ဖို့ ဖြစ်နိုင်ခြေရှိနေတယ်လို့လည်း မတ်လ ၂ရက် စနေနေ့မှာ အမေရိကန် အကြီးတန်းအရာရှိတစ်ဦးက ပြောဆို့ခဲ့တယ်လို့သိရပါတယ်။
Ref: AFP/nh
ပုံစာ။ မတ်လ ၃ရက်က အလာဘာမားမှာ မိန့်ခွန်းပြောနေတဲ့ ဒုသမ္မတ
Feature Image Credit: AFP/Saul Loeb



