ဝါရှင်တန်၊ မတ် ၇
အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က အကူအညီတွေ ပေးပို့နိုင်ဖို့ ဂါဇာမှာ ယာယီဆိပ်ကမ်းတစ်ခု ထူထောင်ရမယ်လို့ အမေရိကန်စစ်တပ်ကို အမိန့်ပေးခဲ့တဲ့အကြောင်း တာဝန်ရှိသူတွေက မတ်လ ၇ ရက်နေ့က ပြောဆိုလိုက်တယ်လို့ သိရပါတယ်။
ဟားမတ်စ်စေ့စပ်ညှိနှိုင်းသူတွေဟာ ကာတာဆွေးနွေးတိုပွဲကနေ ထပြန်သွားတာက အစ္စရေးနဲ့ ဟားမတ်စ်တို့ကြား အပစ်အခတ်ရပ်စဲရေးအသစ်အတွက် မျှော်လင့်ချက်များ မှုန်ဝါးသွားစေခဲ့တယ်လို့ အကဲခတ်သူတွေက ပြောပါတယ်။
ဟားမတ်စ် ကြီးမှူးတဲ့ ဂါဇာကမ်းမြောင်ဒေသက ကျန်းမာရေး ဝန်ကြီးဌာနက ပြီးခဲ့ တဲ့ ၂၄ နာရီအတွင်း နောက်ထပ် လူ ၈၃ ဦး သေဆုံးခဲ့ပြီး အများစုမှာ အမျိုးသမီးနဲ့ ကလေး ဦးရေ ၃၀၈၀၀ အထိ ရှိသွားပြီလို့ ပြောပါတယ်။
ဂါဇာမြောက်ပိုင်း၊ ဂျာဘာလီယာရဲ့ လွင်တီးခေါင်နေရာတစ်ခုမှာ ပါလက်စတိုင်းသားတွေဟာ ဖြန့်ဖြူးလာမယ့် အစားအစာနဲ့ ရိက္ခာတွေကိုလက်ခံယူဖို့ စုရုံးနေကြပါတယ်။
“ကျွန်တော်တို့မှာ အစားအစာချက်ပြုတ်ဖို့ ဓာတ်ငွေ့မရှိပါ။ မုန့်ညက်နှင့်ဆန်မရှိပါ။” ဆိုပြီး အပျက်အစီးတွေကြားက မဲမှောင်နေတဲ့ ဟင်းချက်အိုးကြီးတွေရဲ့ ဘေးမှာ ရပ်နေတဲ့ ဘတ်ဆန်အယ် က ပြောပါတယ်။
အကူအညီတွေ ပို့ဆောင်မှု မစတင်မီ သီတင်းပတ်အတော်များများ ကြာမြင့်နိုင်သေးတယ်လို့ အမေရိကန်ဘက်က ပြောဆိုထားတယ်လို့ သိရပါတယ်။
“ကျွန်တော်တို့က အစ္စရေးတွေကို စောင့်နေတာမဟုတ်ပါဘူး။ ဒါက အမေရိကန် ခေါင်းဆောင်မှု အတွက် အချိန်တစ်ခုပဲ ဆိုပြီး အိမ်ဖြူတော်မအရာရှိတစ်ဦးက သတင်းထောက်တွေကို ပြေဆိုခဲ့တယ်လို့ သိရပါတယ်။
Ref: AFP
ပုံစာ။ ဂါဇာပို့မယ့် ရိက္ခာထုတ်တွေကိူ ပြင်ဆင်နေတဲ့ အမေရိကန်စစ်တပ်
Feature Image credit:US Central Command via X/Reuters/Handout)



