ဂါဇာကမ်းမြောင်ဒေသဆိုင်ရာ ကုလသမဂ္ဂလုံခြုံရေးကောင်စီ အပစ်အခတ်ရပ်စဲရေး ဆုံးဖြတ်ချက်ကို ဟားမတ်စ်က ကြိုဆို

ဝါရှင်တန်၊ ဇွန် ၁၁

ကုလသမဂ္ဂ လုံခြုံရေးကောင်စီဟာ  တနင်္လာနေ့ (ဇွန် ၁၀ ရက်) နေ့လယ်ပိုင်းတုန်းက အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က ကြေညာခဲ့တဲ့ အပစ်အခတ်ရပ်စဲရေး အဆိုပြုချက်ကို ကြိုဆိုကြောင်း ကြေငြာခဲ့ပါတယ်။

အစ္စရေးဘက်ကလည်း  အမေရိကန် ဆုံးဖြတ်ချက်ကို လက်ခံခဲ့တယ်လို့ သိရပါတယ်။ ဆက်ပြီး အပစ်ရပ်ဆဲ့ရေးမှာ ပါတဲ့ အဆင့်သုံးဆင့် အစီအစဉ်ကို လက်ခံဖို့  ဟားမတ်စ်ကို တောင်းဆိုထားတယ်လို့လည်း သတင်းထုတ်ပြန်ပါတယ်။

လုံခြုံရေးကောင်စီအဖွဲ့ဝင် ၁၅ နိုင်ငံရှိတဲ့အထဲ ရုရှားက မဲမပေးဘဲ  ကျန် ကောင်စီဝင် ၁၄ နိုင်ငံက ထောက်ခံမဲ ပေးခဲ့တယ်လို့ ဆိုပါတယ်။

 ဒီ အပစ်ရပ် သဘောတူညီချက်ပါအချက်အလက်တွေနဲ့ ပတ်သက်ပြီးကောင်စီအဖွဲ့ဝင်တွေအကြား ခြောက်ရက် ကြာ ဆွေးနွေးညှိနှိုင်းမှုအပြီး  ဇွန်လ ၉ရက်တနင်္ဂနွေနေ့မှာ အမေရိကန်ကဦးဆောင်ပြီး အချက်လက်တွေ ကို အဆုံးသတ်သဘောတူခဲ့ကြတာလို့ သိရပါတယ်။

Ref: AFP

ပုံစာ။ ဂါဇာအပစ်ရပ်ရေး ကုလသမဂ္ဂ လုံခြုံရေးကောင်စီအဖွဲဝင်နိုင်ငံတွေ မဲခွဲ ဆုံးဖြတ်နေကြပုံ

Feature Image Credit: AFP/ANGELA WEISS)

Visited 8 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *