ဂါဇာကမ်းမြောင်ဒေသက အယ် ရှိဖာဆေးရုံကို မတိုက်ခိုက်ခဲ့ဘူးလို့ အစ္စရေးသမ္မတက ငြင်းဆို

ဂျေရုစလင်၊ နိုဝင်ဘာ၁၄

အစ္စရေးသမ္မတ အိုက်ဆက် ဟာဇော့ က ဂါဇာကမ်းမြှောင်က  အကြီးဆုံးဆေးရုံ ဖြစ်တဲ့ အယ် ရှီဖာကို အစ္စရေးက တိုက်ခိုက်တာ မရှိခဲ့ဘူးလို့  ငြင်းဆိုခဲ့ကြောင်း သိရပါတယ်။

အယ် ရှိဖာ ဆေးရုံရဲ့ အခြေအနေဟာ ဆိုးရွားနေပြီး အဲဒီဒေသမှာ အဆက်မပြတ် သေနတ်ပစ်ခတ်မှုတွေနဲ့ ဗုံးပေါက်ကွဲမှုတွေ ဖြစ်ပွားနေတယ်လို့လည်း ကုလသမဂ္ဂက ပြောပါတယ်။

မွေးကင်းစကလေးတွေရယ်။  မီးဖွားမယ့် ကိုယ်ဝန်သည်တွေဟာ လောင်စာဆီ ပြတ်တောက်မှုကြောင့် အသက်တွေ သေဆုံးခဲ့ရတယ်လို့   ဆရာဝန်တွေက ပြောပါတယ်။

အဲ့ဒိတင်းတွေနဲ့ပတ်သက်ပြီး BBC  သတင်းထောက်  လော်ရာ ကူအန်းစဘတ်ခ် ကတော့  ဂါဇာ ဆေးရုံမှာ လျှပ်စစ်မီး ရကြောင်း  မီးမရဘူးဆိုတာ ဟားမတ်စ်တွေရဲ့ လှည့်ဖျားမှုသက်သက်လို့ အခိုင်အမာ ပြောပါတယ်။

အခြားဆက်စပ် သတင်းအနေနဲ့ ဂါဇာက ဟားမတ်စ် တိုက်ခိုက်ရေးသမားတစ်ယောက်ရဲ့ ရုပ်အလောင်းပေါ်မှာ အဒေါ့ဖ စ် တလာရေးခဲ့တဲ့ “Mein Kampf” ဆိုတဲ့ ဂျူးဆန့်ကျင်ရေးစာအုပ် မိတ္တူကို အစ္စရေးသမ္မတက မီဒီယာတွေကိုပြသခဲ့ပါတယ်။

စာအုပ်ကို  အာရဗီဘာသာ ပြန်ဆိုထားတာ ဖြစ်ပြီး  ဟားမတ်စ် စစ်အခြေစိုက်စခန်းအဖြစ် ပြောင်းထားတဲ့ ကလေးအခန်း တစ်ခု မှာ “လွန်ခဲ့တဲ့  ရက်အနည်းငယ်က တွေ့ခဲ့တဲ့အကြောင်း သမ္မတက ပြောပါတယ်။

ဒီ ဂျူးဆန့်ကျင်ရေး ကြေငြာစာတမ်းကို ၁၉၂၅ ခုနှစ်မှာ ပထမဆုံး ပုံနှိပ်ခဲ့တာ ဖြစ်ပါတယ်။

ဂါဇာမြောက်ပိုင်းမှာ အခုလို တွေ့ခဲ့ရတာဟာ  ဟားမတ်စ်အဖွဲ့ဝင်တချို့က  ဟစ်တလာရဲ့ ဂျူးမုန်းတီးခြင်းဆိုင်ရာ အတွေး အခေါ်တွေကို အထပ်ထပ်အခါခါ လေ့လာခဲ့ကြတယ်ဆိုတဲ့ သက်သေလို့ သမ္မတ အိုက်ဆက် ဟာဇော့က ပြောဆိုခဲ့တယ်လို့ လည်း သိရပါတယ်။

Ref: BBC

ပုံစာသမ္မတက  ဟစ်တလာရဲ့ ဂျူးဆန့်ကျင်ရေး စာအုပ်ကို ပြသနေစဥ်

Feature Image Credit: JNS

Visited 3 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *