ဂျီနီဗာ/ဂျေရုဆလင်၊ ဧပြီ ၁၀
အစ္စရေးက ဂါဇာကမ်းမြောင်ကို အကူအညီတွေ ပိုဝင်ရောက်လာနိုင်ဖို့ နိုင်ငံတကာက ဖိအားတွေပေးပြီးနောက် လျင်လျင်မြန်မြန် လုပ်ဆောင်နေတယ်လို့ ပြောနေပေမယ့် ပမာဏကို အငြင်းပွားနေပြီး လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လိုအပ်ချက်တွေကို ဖြည့်ဆည်းနိုင်ဖို့ လိုအပ်တဲ့ အနိမ့်ဆုံး ပမာဏထက်ကို အများကြီး နည်းနေသေးတယ်လို့ ကုလသမဂ္ဂက ပြောဆိုလိုက်ပါတယ်။
တနင်္လာနေ့ ဧပြီ ၈ရက်နေ့က လခြမ်းနီအဖွဲ့နဲ့ ကုလသမဂ္ဂတို့ အဆိုအရ အရေအတွက်က နည်းပါးလွန်းပြီး ပဋိပက္ခစတင်ကတည်းက ဝင်ခွင့်ရခဲ့တာ ထရပ်ကားအစီးရေ ၄၁၉ စီးသာ အမြင့်ဆုံးဖြစ်တယ်လို့ သိရပါတယ်။
အစ္စရေးတောင်ပိုင်းကို ဟားမတ်စ်ရဲ့ အောက်တိုဘာ ၇ ရက်က တိုက်ခိုက်မှုကြောင့် ဂါဇာမှာ အစ္စရေးရဲ့ လေကြောင်းနဲ့ မြေပြင်လှုပ်ရှားမှု ခြောက်လအတွင်း ပျက်သုဉ်းသွားတဲ့ ပါလက်စတိုင်းနယ်မြေဟာ အခုအခါမှာ မြို့သူမြို့သားအားလုံးနီးပါး အိုးမဲ့အိမ်မဲ့ဖြစ်နေကြရတာ ဖြစ်ပါတယ်။
အစ္စရေးရဲ့ သဘောထားအရ စားနပ်ရိက္ခာ၊ ဆေးဝါးနဲ့ အခြားလိုအပ်တဲ့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အထောက်အပံ့တွေ လုံလောလုံလောက်လောက် ရဖို့ မသေချာတာမို့ အကူအညီပေးရေးအေဂျင်စီတွေက မကျေမနပ်ဖြစ်ပြီး ဥရောပသမဂ္ဂ နိုင်ငံခြားရေးမူဝါဒ အကြီးအကဲ ဂျုးဆက် ဟိုဝဲလ်က အစ္စရေးက ငတ်မွတ်ခေါင်းပါးမှုကို စစ်လက်နက်အဖြစ် အသုံးပြုနေတယ်လို့ စွပ်စွဲခဲ့ပါတယ်။
ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအေဂျင်စီ (OCHA) ပြောရေးဆိုခွင့်ရှိသူ ဂျန် လာရက်ကေး ကတော့ ပြီးခဲ့တဲ့လက ဂါဇာကမ်းမြောင်ဒေသအတွက် အကူအညီတွေ ပေးပို့ခြင်းအပေါ် ပြင်းထန်တဲ့ ကန့်သတ်ချက်တွေကို ထောက်ပြခဲ့ပြီး မတ်လထဲမှာ မြောက်ပိုင်းကို ပို့ဖို့ကြိုးစားခဲ့တဲ့ ယာဉ်တန်းတစ်ဝက်ကို အစ္စရေးက ငြင်းပယ်ခဲ့ပါတယ်။
လတ်တလောမှာတော့ ကုလသမဂ္ဂအကူအညီပေးရေးယာဉ်တန်းဟာ သုံးဆအထိပိုများလာဖွယ်ရှိကြောင်း လည်း သိရပါတယ်။
Ref: cna
ပုံစာ။ အကူညီပေးရေး ယာဉ်တန်းကို တွေ့ရပုံ
Feature Image Credit: Reuters



