ဂါဇာကမ်းမြောင်ဒေသကို အစ္စရေးက သိမ်းပိုက်ဖို့ ကြံရွယ် ခဲ့ရင်အမှားဖြစ်လိမ့်မယ်လို့ သမ္မတဘိုင်ဒင်ပြော

ဝါရှင်တန်၊ အောက်တိုဘာ ၁၅

ဂါဇာကမ်းမြှောင်ကို ထပ်မံသိမ်းပိုက်ဖို့အတွက် အစ္စရေးရဲ့ ကြံရွယ်ချက်ဟာ ကြီးမားတဲ့ အမှားတစ်ခုဖြစ်လိမ့်မယ် လို့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က အောက်တိုဘာ ၁၅ ရက်နေ့က အစ္စရေးတပ်တွေ မြေပြင်ကျူးကျော် တိုက်ခိုက် ဖို့ ပြင်ဆင်နေချိန်  အင်တာဗျူးတစ်ခုမှာ  သတိပေး ပြောဆိုလိုက်တာ ဖြစ်ပါတယ်။

အစ္စရေးဟာ အောက်တိုဘာ ၇ ရက်က ဟားမတ်စ်တိုက်ခိုက်မှုအတွက် လက်စားချေဖို့ ကြိုးစားတဲ အနေနဲ့ ဗုံးကြဲတိုက်ခိုက် မှုကို စခဲ့ပြီး စစ်ဆင်ရေးမတိုင်မီ ဂါဇာမြောက်ပိုင်းကလူတစ်သန်းကျော်ကိုလည်း တောင်ဘက်ကို ရွှေ့ပြောင်းပေးဖို့လည်း သတိပေးခဲ့ပါတယ်။

 ဂါဇာကမ်းမြောင်ကို သိမ်းပိုက်နိုင်မလားလို့ CBS 60 Minutes သတင်းဌာနက အမေရိကန်သမ္မတ ကို မေးခွန်ထုတ်တဲ့ အပေါ် “ဒါဟာ ကြီးမားတဲ့ အမှားတစ်ခုလို့ ထင်ပါတယ်” လို့ ဖြေခဲ့တာ ဖြစ်ပါတယ်။။ ဟားမတ်စ်က “ပါလက်စတိုင်း ပြည်သူ တွေအားလုံးကို ကိုယ်စားမပြုပါဘူး” လို့လည်း သူက ဆက်ပြောခဲ့ပါတယ်။

ဒါပေမယ့် အစွန်းရောက်တွေကို ကျူးကျော်ဝင်ရောက်ပြီး ဖယ်ရှားရေးဟာ မရှိမဖြစ်လိုအပ်တဲ့ လိုအပ်ချက် တစ်ခုဖြစ်တယ် လို့ သူက ထပ်ပြောပြန်ပါတယ်။

ဟားမတ်စ် တိုက်ခိုက်ရေးသမားတွေ သတ်လို့ လူပေါင်း ၁၄၀၀ ကျော် သေဆုံးခဲ့ပြီး အများစုက အရပ်သားတွေ ဖြစ်ပါတယ်။ ဒိအတွက်  ရက်ပိုင်းအတွင်း အစ္စရေးရဲ့လက်တုံ့ပြန်တိုက်ခိုက်မှုတွေက ဂါဇာဘက်က ရပ်ကွက်တွေ ကို ပြိုပျက်စေခဲ့ပြီး လူ ၂၆၇၀အထိ  သေဆုံးခဲ့ပါတယ်။

အစ္စရေးစစ်တပ်အနေနဲ့ လက်တွေ့မှာ အရပ်သားနဲ့  စစ်သွေးကြွတွေကို ခွဲခြားဖို စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်နေရတယ်လို့လည်း သိရပါတယ်။

Ref:  AFP/ga

ပုံစာဂါဇာကို တိုက်ဖို့ စစ်ပြင်နေတဲ့ အစ္စရေးတပ်များ

Feature Image Crediy: Mostafa Alkharouf/Anadolu Agency/Getty Images

Visited 13 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *