တိုကျို၊ အောက်တိုဘာ ၂၃
အစ္စရေးနဲ့ ပါလက်စတိုင်းအစ္စလာမ္မစ်အဖွဲ့ ဟားမတ်စ်တို့ကြား ပဋိပက္ခကို ထိန်းချုပ်ဖို့ သံတမန်ရေးရာ ကြိုးပမ်းနေတဲ့ သီတင်းပတ်အကုန်မှာပဲ ရေနံဈေးမြင့်တက်လာရာက ဂါဇာကို အကူညီပေးရေးယာဥ်တွေ ဝင်ခွင့်ရအပြီး ထောက်ပံ့မှုတွေ ပေးနေတဲ့ ရေနံကြွယ်ဝတဲ့ နိုင်ငံတွေအဖို့ သူတို့အပေါ် ဖိအားတွေပြန် ရောက်လာမှာ ကို စိုးရိမ်မှုတွေဖြစ်အပြီး ရေနံဈေး ပြန်ကျခဲ့တယ်လို့ သိရပါတယ်။
ဒီနေ့ အောက်တိုဘာ ၂၃ ရေနံစိမ်းဈေးက တစ်စည်ကို ၉၁ဒဿမ ၄၉ ဒေါ်လာ ဖြစ်ပြီး ၀ဒဿမ ၆၇ ဒေါ်လာ ကျဆင်းခဲ့ ပါ တယ်။ အောက်တိုဘာ ၂၃ရက်တနင်္လာနေ့ အစောပိုင်းမှာ US West Texas Intermediate ရေနံဈေးဟာ တစ်စည်ကို ၀ ဒဿမ ၇၂ အထိ ကျဆင်းခဲ့ပါတယ်။
အစ္စရေး-ဟားမတ်စ်စစ်ပွဲဟာ ကမ္ဘာ့အကြီးဆုံးရေနံထောက်ပံ့ရေးဒေသဖြစ်တဲ့ အရှေ့အလယ်ပိုင်းမှာ ပိုမိုကျယ်ပြန့်တဲ့ ထိပ်တိုက်ရင်ဆိုင်မှုတွေ ဖြစ်လာခဲ့မယ် ဆိုခဲ့ရင် ထောက်ပံ့ရေးအနှောင့်အယှက်ဖြစ်နိုင်ချေကို စိုးရိမ်လာတာကြောင့် ပုံမှန်နူန်းထားထက် ၁ ရာခိုင်နှုန်းကျော် မြင့်တက်ခဲ့တာ ဖြစ်ပါတယ်။
လွန်ခဲ့တဲ့သီတင်းပတ်ကကိုင်ရိုမှာ အာရပ်ခေါင်းဆောင်တွေနဲ့ နိုင်ငံခြားရေးဝန်ကြီးတွေ ထိပ်သီးစည်းဝေးပွဲမလုပ်ခဲ့ပေမယ့် ဘာပူးတွဲကြေညာချက်တစ်ရပ်မှ မထုတ်ပြန်နိုင်ဘဲ အခုသီတင်းပတ်ကုန်မှာမှ အီဂျစ်ကတဆင့် ဂါဇာကမ်းမြောင်ကို အကူ အညီ ပေးရေးယာဉ်တန်း စတင်ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ သီတင်းပတ်က အစ္စရေးကို သွားရောက်ခဲ့တဲ့ အမေရိကန် သမ္မတ ဂျိုးဘိုင်ဒင်ဟာ ကနေဒါ၊ ပြင်သစ်၊ ဗြိတိန်၊ ဂျာမနီ နဲ့ အီတလီ နိုင်ငံတွေက ခေါင်းဆောင်တွေအပါအဝင် အစ္စရေး ဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟု၊ ပုပ်ရဟန်းမင်းကြီး ဖရန်စစ် တို့နဲ့ပါ အောက်တိုဘာ ၂၂ရက် တနင်္ဂနွေနေ့မှာ တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။
ပြင်သစ်နဲ့ နယ်သာလန်ခေါင်းဆောင်တွေလည်း ဖြစ်ပွားနေတဲ့ ပဋိပက္ခအတွက် အဖြေရှာဖို့ အစ္စရေးနိုင်ငံကို အခုသီတင်းပတ် ထဲမှာ သွားဖို့ရှိတယ်လို့ လည်း သိရပါတယ်။
Ref: Reuters
ပုံစာ။ အိုကလာ ဟိုးမားက ရေနံသိုလှောင်ကန်တချို့ကို တွေရပုံ
Feature Image Credit: Reuters