ဂါဇာ၊ ဒီဇင်ဘာ ၆
အစ္စရေးစစ်တပ်ဟာ လွန်ခဲ့တဲ့ သီတင်း ငါးပတ်က စခဲ့တဲ့ ဟားမတ်စ်တွေကိုချေမှုန်းဖို့ တိုက်ခိုက်ခဲ့တဲ့ မြေပြင်ထိုးစစ်တွေ ထက် အများကြီးပိုပြင်းထန်တဲ့ ထိုးစစ်တွေနဲ့ တိုက်ခိုက်နေတယ်လို့ သိရပါတယ်။
အပြင်းထန်ဆုံး တိုက်ခိုက်ရေးဖြစ်ပေမယ့် ပါလက်စတိုင်းအရပ်သား သေဆုံးမှု အနည်းဆုံးဖြစ်ဖို့ကို ကြိုးစားနေတယ်လို့ အစ္စရေးက ပြောပါတယ်။ အခု တိုက်ပွဲမှာ အစ္စရေးစစ်တပ်က ဂါဇာကမ်းမြောင်တောင်ဘက်က အဓိကမြို့ကို တိုက်ခိုက်နေ တာ ဖြစ်ပါတယ်။
ဟားမတ်စ် လက်နက်ကိုင်အဖွဲ့ အယ်လ်ကဆမ် တပ်မဟာက တိုက်ခိုက်ရေးသမားတွေနဲ့ အစ္စရေးတို့ ပြင်းပြင်းထန်ထန် တိုက်ခိုက်နေကြတာ ဖြစ်ပါတယ်။
ဒီဇင်ဘာ ၅ ရက် အင်္ဂါနေ့မှာ လေကြောင်း ကျောထောက်နောက်ခံပြုထားတဲ့ အစ္စရေးတပ်ဖွဲ့တွေဟာ ဂါဇာတောင်ပိုင်း ခန်း ယွန်နစ်မြို့ရဲ့ အလယ်ဗဟိုကို ရောက်လာ ပြီး မြို့ကိုလည်း ဝိုင်းထားတဲ့အကြောင်း အစ္စရေးက သတင်းထုတ်ပြန်ခဲ့ပါတယ်။
“မြေပြင်စစ်ဆင်ရေး စတင်ချိန်ကတည်းက ဒီတစ်ပွဲက ကျွန်တော်တို့အတွက် အပြင်းထန်ဆုံး ဖြစ်ပါတယ်” လို့ အစ္စရေး စစ် တပ်တောင်ပိုင်းတိုင်း စစ်ဌာနချုပ်ရဲ့ တပ်မှူး ဗိုလ်ချုပ်ကြီး ယာရွန် ဖင်ကယ်လမန် က ထုတ်ပြန်ချက်မှာ ပြောဆို ဖော်ပြ ခဲ့ပါတယ်။
အစ္စရေးနဲ့ ဟားမတ်စ်တို့ကြား အပစ်အခတ်ရပ်စဲရေး ပျက်ပြားသွားပြီးတဲ့နောက် အပြင်းထန်ဆုံး တိုက်ပွဲတွေ ပြန်ဖြစ်နေ တာ ဖြစ်ပါတယ်။ အစ္စရေးတပ်ဖွဲ့ဝင်တွေက ဂါဇာကမ်းမြောင်ဒေသ မြောက်ပိုင်းက ဟားမတ်စ်စခန်းနဲ့ မြို့တော်အရှေ့ ဘက် က ရှူဂျာအီယာတို့မှာလည်း တိုက်ခိုက်ခဲ့တဲ့ အကြောင်း ဖင်ကယ်မန် က ပြောဆိုခဲ့တယ်လို့ သိရပါတယ်။
Ref: Reuters/fs/rc
ပုံစာ။ ဂါဇာကို အပြင်းအထန် တိုက်ခိုက်နေပုံ
Feature Image Credit: NDTV



