ဂါဇာ၊ ဇန်နဝါရီ ၁၈
အစ္စရေးတပ်ဖွဲ့တွေဟာ ဂါဇာကမ်းမြှောင်ဒေသ ခန်း ယူနွတ်မှာ ရှိတဲ့ အဓိကဆေးရုံကြီးရဲ့ အနားတစ်ဝိုက်ကို ဇန်နဝါရီ ၁၈ ရက်က အလုံးအရင်းနဲ့ တိုက်ခိုက် ဖြိုခွင်းခဲ့တဘ်လို့ သိရပါတယ်။
အစ္စရေးဝန်ကြီးချုပ် ဘန်ဂျမင် နေတန်ရာဟု ကလည်း အောင်ပွဲမပြီးမချင်း လတွေဘယ်လောက်ကြာကြာ တိုက်ပွဲများ လများစွာကြာကြာ ဆက်ပြီး တိုက်ချုက်နေမှာ ဖြစ်တယ်လို့ သူ့ပြည်သူကိုကတိပြုထားပြီးလည်း ဖြစ်ပါတယ်။
၂၀၂၄ခုနှစ်ရဲ့ အပြင်းထန်ဆုံးတိုက်ပွဲတစ်ခုဟာ မြို့တော်ခန်း ယူနွတ်မှာ စတင်ဖြစ်ပွားနေပြီး စစ်ပွဲအစောပိုင်းမှာ မြောက် ဘက်သို့ထွက်ပြေးသွားသူတွေဟာ ထောင်ပေါင်းများစွာရှိနေပြီလို့လည်း သိရပါတယ်။
မြို့တော်ရဲ့ မြောက်ဘက်နဲ့ အရှေ့ဘက်တို့မှာ ပြင်းထန်တဲ့ ဗုံးကြဲတိုက်ခိုက်မှုတွေ ရှိနေတဲ့အပြင် တင့်ကားတွေလည်း ရောက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
လွန်ခဲ့တဲ့လက တိုက်ပွဲတွေကြောင့် တောင်ပိုင်းကို ပြောင်းရွှေ့လာချိန်က စပြီး ဒဏ်ရာရလူနာ ရာနဲ့ချီ ရှိနေပြီး ရပ်ကွက် တွေ ထဲမှာ ဖြစ်သလို ကြမ်းပြင်ပေါ်မှာပဲ ကြိတ်ကြိတ်တိုး ကုသမှုခံယူနေဥြရတယ်လို့ ဆိုပါတယ်။
ခန်း ယူနွတ် မှာ အခုဖြစ်ပျက်နေတာတွေက လုံးဝရူးသွပ်မှုပါပဲ၊ မြို့ရဲ့ နေရာတိုင်းကို ဗုံးကြဲနေတယ်” လို့ အကြိမ်ပေါင်းများ စွာ ရွှေ့ပြောင်းခံရပြီးနောက်ဆုံး ခန်း ယူနွတ်ကို ရောက်လာတဲ့ အသက် ၄၃၅ နှစ်အရွယ် အဘ္ဘဒူ အယ်လ် အာဘက် က ပြော ပါတယ်။
နတ်ဆာ ဆေးရုံမှာ ဟားမတ်စ် တိုက်ခိုက်ရေးသမားတွေ ရှိနေတယ်လို့ အစ္စရေးဘက်က ဒီနေထိ ယုံကြည်နေပြီး ဆေးရုံဝန် ထမ်း တွေကတော့ ငြင်းဆို ထားတယ်လို့ သိရပါတယ်။
Ref: Reuters/fs/zl
ပုံစာ။ ခန်း ယူနွတ်ကို ချီတက်လာတဲ့ အစ္စရေး စစ်တပ်ကားများ
Feature Image Credit: AFP



