ဂျေရုစဆလင်၊ ဧပြီ ၅
ဂါဇာစစ်ပွဲနဲ့ပတ်သက်တဲ့ လူသားခြင်းစာနာမှုကိစ္စတွေနဲ့ပတ်သက်တဲ့ အမေရိကန်ရဲ့ဝါဒကို အမေရိကန်ဘက်က ချပြပြီးတဲ့နောက် နာရီပိုင်းအကြာမှာ အငတ်ဘေးဒဏ်ခံရတဲ့ ဂါဇာမြောက်ပိုင်းကိုယာယီအကူအညီတွေ ပို့ဆောင်ခွင့်ပြုမယ်လို့ အစ္စရေးက သောကြာနေ့ (ဧပြီ ၅) မှာကြေညာလိုက်ပါတယ်။
ကြာသပတေးနေ့ က မိနစ် ၃၀ ကြာ တင်းမာတဲ့ ဖုန်းခေါ်ဆိုမှုတစ်ခုမှာ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က အစ္စရေးအပေါ် အမေရိကန်ရဲ့မူဝါဒ ကို ပြတ်ပြတ်ရှင်းရှင်းပြောဆိုခဲ့တယ်လို့ သိရပါတယ်။ အဲ့ဒိနောက်နာရီပိုင်း အကြာမှာပဲ ညသန်းခေါင်အချိန်မှာ အစ္စရေးက ပိတ်ဆို့ထားတဲ့ ဂါဇာကမ်းမြောင်ဆီ အကူအညီပေးရေးလမ်းကြောင်းတွေ ဖွင့်ပေးမယ်လို့ ကြေငြာလိုက်တာ ဖြစ်ပါတယ်။
အစ္စရေး စစ်ဝန်ကြီးအဖွဲ့ဟာ အက်ရှ်ဒေါ့ ဆိပ်ကမ်းနဲ့ အီရက်ဇ်ကုန်းလမ်းက တစ်ဆင့် ယာယီအကူအညီတွေ ပေးပို့တာ အပြင် အိမ်နီးချင်း ဂျော်ဒန် ဘက်ကနေလည်း ပို့ဆောင်မှုတွေ တိုးမြှင့်လုပ်ဆောင်ခဲ့တယ်လို့ နေတန်ယာဟုရုံးက ပြောဆိုထားပါတယ်။
အိမ်ဖြူတော်ကလည်း အစ္စရေးရဲ့ ဆုံးဖြတ်ချက်ကို ကြိုဆိုတယ်လို့ ပြောဆိုလိုက်ပါတယ်။
အစ္စရေး အနေနဲ့ ခြောက်လကြာ ဟားမတ်စ်စစ်ပွဲကြောင့် သေဆုံးသူအရေအတွက်တွေအပေါ် နိုင်ငံတကာဖိအားတွေ တိုးမြင့်လာနေပြီး အဓိက ကျောထောက်နောက်ခံ ဝါရှင်တန်ကပါ ပြင်းပြင်းထန်ထန် ပြစ်တင်ရှုတ်ချတာတွေ ခံနေရတာ ဖြစ်ပါတယ်။
Ref: AFP/at/ec
ပုံစာ။ ရိက္ခာရလို့ ပျော်နေတဲ့ ပါလက်စတိုင်းလူငယ် တစ်ယောက်
Feature Image Credit: AFP



