တဲလ် အဗစ်၊ ဇန်နဝါရီ ၂
အစ္စရေးအနေနဲ အခုသီတင်းပတ်ထဲမှာပဲ ဂါဇာကမ်းမြောင်က ထောင်နဲ့ချီတဲ့ စစ်သားတွေ စပြီး ဆုတ်ခွာမယ်လို့ ဇန်နဝါရီ ၁ရက် တနင်္လာနေ့မှာ အစ္စရေးထိပ်တန်းအရာရှိတစ်ဦးက အသိပေးပြောဆိုလိုက်ပေမယ့် ၂၀၂၄နှစ်သစ် တစ်ခုလုံး တိုက်ပွဲ တွေကတော့ ဆက်ရှိနေဦးမယ်လို့ လည်း အဲ့ဒိ အရာရှိက ပြောဆိုလိုက်တယ်လို့ သိရပါတယ်။
အစ္စရေးကာကွယ်ရေးတပ်ဖွဲ့ရဲ့ ကြေညာချက်မှာ ဟားမတ်စ် နယ်မြေထဲကနေ တပ်ဖွဲ့ဝင်တွေရဲ့ အကြီးမားဆုံး ဆုတ်ခွာမှုကို အတည်ပြု့ခဲ့ပြီး ဂါဇာကမ်းမြောင်အလယ်ပိုင်းနဲ့တောင်ပိုင်းတွေမှာတော့ စစ်ဆင်ရေးတွေ တိုးချဲ့လုပ်ဆောင်နေဆဲပါလို့ ပါ ရှိပါတယ်။
အခုလို အစ္စရေးဘက်က လုပ်ဆောင်တာဟာ စစ်ပွဲ ပြင်းထန်မှု ဖြည်းဖြည်းချင်းလျော့လာတဲ့ အခြေနေဘက်ကို ကူးပြောင်း သွားတဲ့ အရိပ်အယောင်တွေ ဖြစ်တယ်လို့ အမေရိကန် အကြီးတန်း အရာရှိတစ်ဦးက ဇန်နဝါရီ ၁ရက် တနင်္လာနေ့က ပြော ပါတယ်။
အရန်တပ်ဖွဲ့တွေ ပါတဲ့ တပ်မဟာ ၅၅၁ နဲ့ တပ်မဟာ ၁၄ တို့ သူတို့ မိသားစုနဲ့ ဆွေမျိုးတွေဆီ အခု သီတင်းပတ်ထဲမှာ ပြန်လာ တော့မယ်လို့ အစ္စရေးစစ်တပ်က ထုတ်ပြန်ကြေငြာလိုက်တယ်လို့ သိရပါတယ်။
ဒါဟာ ရေရှည်တိုက်ပွဲအတွက် ပြင်ဆင်နေရဲ့ အစ္စရေးရဲ့ ခြေလှမ်းတစ်ခုလို့ လည်း အကဲခတ်သူတချိုက သုံးသပ်နေကြ တယ် လို့ သိရပါတယ်။
Ref: CNN
ပုံစာ။ ဂါဇာကနေ ဆုတ်ခွာဖို့ ပြင်ဆင်နေတဲ့ အစ္စရေး တပ်ဖွဲဝင်များ
Feature Image Credit: Amir Levy/Getty Images



