ဂါဇာကပြည်သူ လေးပုံတစ်ပုံ အငတ်ဘေးဆိုက်ဖို့ ခြေတစ်လှမ်းပဲ လိုတော့တယ်လို့ ကုလပြော

ဝါရှင်တန်၊ ဖေဖေါ်ဝါရီ ၂၈

ဂါဇာကမ်းမြှောင်က ပြည်သူရဲ့ လေးပုံတစ်ပုံ ဖြစ်တဲ့  အနည်းဆုံး လူပေါင်း ၅၇၆၀၀၀ ဟာ အငတ်ဘေးဆိုက်ဖို့ ခြေတစ်လှမ်းပဲ လိုတော့တယ်လို့   ကုလသမဂ္ဂ အကြီးတန်း အကူအညီပေးရေး အရာရှိတစ်ယောက်က လုံခြုံရေးကောင်စီကိုဖေဖော်ဝါရီ ၂၇ ရက် အင်္ဂါနေ့က ပြောဆိုခဲ့ပြီး အငတ်ဘေးက အရမ်းနီးကပ်နေပြီလို့လည်း ထောက်ပြ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။

“တိုက်ပွဲတွေ ဆက်ဖြစ်နေချိန်မှာ  ဂါဇာကမ်းမြောင်တောင်ဘက် လူစည်ကားတဲ့ နေရာတွေဆီ အငတ်ဘေးက ပြန့်နှံ့သွားမယ့် အန္တရာယ် ရှိနိုင်ပါတယ်။ ဒါကြောင့် အပစ်အခတ်ရပ်စဲရေး တောင်းဆိုဖို့ ကျနော်တို့ ထပ်လောင်း တောင်းဆိုလိုက်ပါတယ်” လို့  ကုလသမဂ္ဂရုံး ညှိနှိုင်းရေး ဒါရိုက်တာ ရာမက် ရာဂျာဆင်း က ပြောပါတယ်။

ဂါဇာမြောက်ပိုင်းက အသက်နှစ်နှစ်အောက် ကလေးခြောက်ယောက်မှာ တစ်ယောက်ကပြင်းထန်တဲ့ အာဟာ ရချို့တဲ့မှုဒဏ်ကို ခံစားနေရပြီး ပါလက်စတိုင်းနယ်မြေက လူပေါင်း ၂ဒသမ၃ သန်းနီးပါးဟာ အသက်ရှင်နေထိုင်ဖို့  မလုံလောက်တဲ့အစား အစာအကူအညီကို မှီခိုနေရကြောင်းလည်း သိရပါတယ်။

ကုလသမဂ္ဂနဲ့ အကူအညီပေးရေး အဖွဲ့တွေဟာ ဂါဇာကမ်းမြောင်ကိုထောက်ပံ့ရေး လုပ်ဖို့ ကြီးမားတဲ့ အတား အဆီးတွေနဲ့ ရင်ဆိုင်နေရတဲ့အကြောင်း ကို မစ္စတာ ရာဂျာဆင်းက ပြောဆိုနေ လိုက်ကြော,င်းလည်း သိရပါတယ်။

Ref: Reuters

ပုံစာရိက္ခာခွဲတန်းရဖို့  တန်းစီနေတဲ့ ပါလက်စတိုင်းပြည်သူများ

Feature Image credit: Reuters/Ibraheem Abu Mustafa

Visited 23 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *