ဂါဇန်မြို့ တောင်ပိုင်းမှာ နေထိုင်နေတဲ့သူ တွေ အနောက်ဘက် ကို ရှောင်သွားဖို့ အစ္စရေးက ထပ်လောင်းပြောဆို

ဂါဇာ၊ နိုဝင်ဘာ ၁၈

ဂါဇာတောင်ပိုင်းမှာ ခြေကုတ်ယူနေတဲ့  ဟားမတ်စ်တွေကို တိုက်ခိုက်ဖို့ အစ္စရေးက စီစဉ်နေပြီး တောင်ပိုင်းက အဓိကကြတဲ့  ခန်း ယွန်နစ်မြို့က မြို့ခံတွေ  အနောက်ဘက်ကို  ပြောင်းရွှေ့ဖို့ သတိပေးချက် ထုတ်ပြန်ထား တယ် လို့ သိရပါတယ်။

မြောက်ပိုင်းကို ဖြိုခွဲပြီးနောက် ဂါဇာတောင်ပိုင်းက ဟားမတ်စ်တွေကို တိုက်ခိုက်ဖို့ လုပ်နေတဲ့ အစီစဉ်တွေထဲကမှ အရေး ကြီးတဲ့ အချက်တစ်ခု အနေနဲ့ အနောက်ဘက်ကို  ရွှေ့ပြောင်းဖို့ အပြင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီ တွေပေးနိုင်ဖို့ အစ္စရေးတောင်ပိုင်း က ပါလက်စတိုင်းတွေကို အခုလို သတိပေးချက်အသစ်ထုတ်ပြန်ခဲ့ရတာ ဖြစ်တယ်လို့ အစ္စရေးက ပြောပါတယ်။

“လူတွေကို နေရာပြောင်းပေးဖို့ တောင်းဆိုနေတာပါ။ သူတို့အများစုအတွက် မလွယ်ဘူးဆိုတာ ကျွန်တော်သိပါတယ်၊ ဒါပေမယ့် ပစ်ခတ်မှုမှာ အရပ်သားတွေကို မတွေ့ချင်ပါဘူး” လို့ အစ္စရေး ၀န်ကြီးချုပ် ဘန်ဂျမင် နေတန်ရာဟုရဲ့ လက် ထောက်တစ်ဦးဖြစ်သူ မာခ် ရီဂက် က  MSNBC  သတင်းဌာနကို  နိုဝင်ဘာ ၁၇ရက်ကပြောဆိုလိုက်တယ်လို့ သိရပါတယ်။

ဂါဇာကမ်းမြောင်ဒေသကို ထိန်းချုပ်ထားတဲ့ ဟားမတ်စ်စစ်သွေးကြွအုပ်စုဟာ အောက်တိုဘာ ၇ ရက်က အစ္စရေးနိုင်ငံထဲ ဝင်ပြီး တိုက်ခိုက်မှုတွေ လုပ်ခဲ့လို့ အစ္စရေးဘက်က လူ ၁၂၀၀ သေဆုံးပြီး ဓားစာခံ ၂၄၀ ကိုလည်း ဓါးစာခံ အနေနဲ့ ဖမ်းဆီးသွားတာ ဖြစ်ပါတယ်။

အဲ့ဒိအချိန်ကစပြီ;အစ္စရေးတို့က  ဂါဇာကမ်းမြောင်ဒေသရဲ့ နေရာအများအပြားကို ဗုံးကြဲတိုက်ခိုက်ခဲ့တာမို့ ဒီနေထိ ပါလက် စတိုင်း ၂ ဒသမ ၃ သန်း သုံးပုံနှစ်ပုံနည်းပါး အိုးမဲ့အိမ်မဲ့ဖြစ်နေရတာ ဖြစ်ပါတယ်။

Ref: Reuters/gs

ပုံစာ။ အစ္စရေးရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ပြိုလဲနေတဲ့ ဂါဇက အဆောက်အဦ တစ်ခု

Feature Image Credit: The Times of Israel

Visited 30 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *