ဂရိနိုင်ငံ တောင်ပိုင်းကမ်းရိုးတန်းက မိုင်၅၀ ခန့်အကွာမှာ လူပေါင်း(၅၀၀)ကျော်စီးနင်း လိုက်ပါလာတဲ့မော်တော်နစ်မြုပ်

ဂရိနိုင်ငံတောင်ပိုင်းက ပိုင်လော့စ်ဆိပ် ကမ်းမြို့အနောက်တောင်ဖက် မိုင် ၅၀ခန့် အကွာမှာ ဇွန်၁၄ရက်က လူပေါင်း (၅၀၀) ကျော်စီးနင်းလိုက်ပါလာတဲ့ မော်တော်တစ် စင်း နစ်မြုပ်ခဲ့ပါတယ်။

ဂရိကမ်းရိုးတန်းစောင့်တပ်ဖွဲ့က မော်တော် နစ်မြုပ်နေတာသိလို့ အခင်းဖြစ်နေရာကို သွားပြီးကယ်ဆယ်ရေးလုပ်ဆောင်ခဲ့ကြရာမှာ လူပေါင်း(၁၀၀)ကျော်လောက်ကို ကယ် ဆယ်နိုင်ခဲ့တယ်လို့ သတင်းထုတ်ပြန်တယ်။ အဲဒီမော်တော်နစ်မြုပ်သွားဖို့ ၁၅မိနစ် လောက်ပဲကြာမြင့်ခဲ့တယ်လို့ မျက်မြင် သက်သေတစ်ဦးက ပြောပြပါတယ်။

မော်တော်မမြုပ်ခင် ဂရိကမ်းရိုးတန်းစောင့် တပ်ဖွဲ့က မှန်ပြောင်းနဲ့လှမ်းကြည့်လိုက် တော့ လိုက်ပါလာသူတွေအများစုဟာ အသက်ကယ်ဝတ်စုံဝတ်ဆင်မထားကြ တာတွေ့ခဲ့တယ်။ အင်ဂျင်ပျက်သွားပြီး သိပ် မကြာခင်မှာပဲ လေပြင်းတိုက်တာနဲ့ကြုံပြီး နစ် မြုပ်သွားခဲ့တာလို့ဆိုကြတယ်။ အဲဒီလေပြင်း ကြောင့် ရေနစ်တဲ့လူတွေကို ခဲခဲယဉ်းယဉ်း ကယ်ဆယ်ခဲ့ရတယ်။

အဲဒီမော်တော်ပေါ်မှာ နိုင်ငံကူးပြေင်းတဲ့ အသက်၂၀ကျော် လူငယ်အများစု လိုက် ပါလာပြီးလစ်ဗျားကနေအီတလီကိုအသွားမှာ ဂရိရေပိုင်နက်ထဲဖြတ်နေတုန်း နစ်မြုပ်သွား ခဲ့တာဖြစ်တယ်။

မြေထဲပင်လယ်ကိုဖြတ်သန်းပြီး နှစ်စဉ် လူပေါင်းရာနဲ့ချီပြီးတော့ အရှေ့အလယ်ပိုင်း ဒေသကလူတွေ ဥရောပဖက်ကို နိုင်ငံကူး ပြောင်းလေ့ရှိကြတယ်။

Ref: CNN

Visited 38 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *