စင်္ကာပူ၊ ဇန်နဝါရီ ၁၀
ဂရမ်မီဆုပေါင်း ၁၅ဆုတိတိ စံချိန်တင် ဆွတ်ခူးထားတဲ့ ကမ္ဘာကျော် အဆိုတော် ဘရူနို မားစ် တစ်ယောက် စင်္ကာပူကို လာမယ့် ဧပြီလ မှာ လာရောက် ဖျော်ဖြေဖို့ သေချာသွားပြီ ဖြစ်ပါတယ်။
ဂီတဖျော်ဖြေပွဲ ကျင်းပမယ့် နေရာကတော့ စင်္ကာပူ အမျိုးသား အားကစားကွင်းမှာ လို့ သိရပါတယ်။
ဖျော်ဖြေပွဲအတွက် လက်မှတ်တွေကိုတော့ ဇန်နဝါရီ ၁၉ ရက်မှာ စပြီး ရောင်းမှာ ဖြစ်ပါတယ်။ ရောင်းချမယ့်ရက် မတိုင်မီ လက်မှတ်စျေးနှုန်းတွေကို ကြေငြာပေးသွားမှာ ဆိုတဲ့ အကြောင်းလည်း သိရပါတယ်။
Live Nation Singapore အဖွဲ့ဝင်တွေအတွက် ဇန်နဝါရီလ ၁၉ ရက်နေ့ မနက် ၁၁ နာရီကနေ ၁၁နာရီ ၅၉ မိနစ် အထိကြိုတင်ရောင်းချပေးမှာ ဖြစ်ပြီး Ticketmaster ကတစ်ဆင့် အထွေထွေရောင်းချမှုကိုတော့ ဇန်နဝါရီ ၂၀ ရက်မှာ ပြုလုပ်မှာ ဖြစ်ပါတယ်။
ဘရူနို မားစ်ဟာ ကမ္ဘာတစ်ဝှမ်း စင်ဂယ်သီချင်းတွေအတွက် အကြိမ် သန်း ၂၀၀ ကျော် ရောင်းချရပြီး အရောင်းရဆုံး အနု ပညာရှင်တွေထဲက တစ်ယောက်လည်း ဖြစ်ပါတယ်။ ဂရမ်မီဆုပေါင်း ၁၅ ဆု ရထားတဲ့ R&B အဆိုတော် တစ်ယောက် ဖြစ်ပါတယ်။
Ref: CNA/hq
ပုံစာ။ ဘရူနို မားစ်
Feature Image Credit ။ WHAM



