ဂရမ်မီဆုရှင် နာမည်ကြီးတေးရေးဆရာ The- Dream ဗန်ကားထဲမှာ အမျိုးသမီးတစ်ယောက်ကို  အဓမ္မပြုကျင့်မှုနဲ့ တရားစွဲခံရ

အတ္တလန်တာ၊ ဇွန် ၅

ကမ္ဘာကျော်အဆိုတော်တွေဖြစ်တဲ့ ရီဟန်းနာ၊ ဘရစ်တနီ စပီးယား၊ မရိုင်း ကရေး၊ ဂျပ်စတင် ဘီဘာ၊ ကန်နီ ဝက်စ် စတဲ့ အဆိုတော်တွေကို သီချင်းရေးပေးခဲ့တဲ့ The- Dream လို့ လူသိများတဲ့ အမေရိကန်လူမျိုုး တေးရေးဆရာ၊ ဂီတထုတ်လုပ်သူဟာ  အမျိုးသမီးတစ်ယောက်ကို ကားပေါ်မှာ လိင်အဓမ္မကျင့်မှု နဲ့ လော့စ် အိန်ဂျလိ့စ်မှာ တရားစွဲဆိုခံနေရတယ်လို့ သိရပါတယ်။

တရားစွဲချက်အရ နစ်နာသူ  မန်ဂရိုးက  ထွက်ဆိုရာမှာ The-Dream ခေါ်  မစ္စတာ ဒိုင်ယာမန် ဟာ သူနဲ့ လိင်ဆက်ဆံဖို့ အကြိမ်ကြိမ် အတင်းအကြပ် ဖိအားပေးခဲ့ပြီး ခြိမ်းခြောက်ခဲ့တယ်လို့ သိရပါတယ်။

မစ္စတာ ဒိုင်ယာမန်ကတော့ စွပ်စွဲချက်တွေကို အကုန်ငြင်းဆန်ထားတယ်လို့ သိရပါတယ်။

BBC က ကိုယ်တိုင်မြင်ခဲ့ရတဲ့ စွဲချက် အမှုတွဲဟာ စာမျက်နှာ ၆၀ အထိပါတယ်လို့ သိရပါတယ်။

မစ္စ မန်ဂရိုးဟာ အဆိုတော်၊တေးရေးဆရာ ဖြစ်ချင်တဲ့ ရည်ရွယ်ချက်နဲ့ နယ်သာလန်နိုင်ငံကနေ အမေရိက ကို ရောက်လာသူပါ။ မစ္စတာ ဒိုင်ယာမန်နဲ့  ၂၀၁၅ ခုနှစ် ဇန်နဝါရီလမှာ ပထမအကြိမ် စတွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။

မစ္စတာ ဒိုင်ယာမန်က သူကို အရက်တွေ အများကြီး သောက်ခိုင်းတာ၊လည်ပင်းညစ်တာတွေအပြင် ဘန်ကားတစ်စီပေါ်မှာ ကိုယ်ထိလောက်ရောက် အဓ္ဓမပြုကျင့်တာကို ခံခဲ့ရတယ်လို့ ထွက်ဆိုပါတယ်။

ဒါတွေ မတိုင်ခင် “ မင်းကို ဘီယွန်ဆေးတို့ ရီဟန်းနားတို့လို့ ဖြစ်အောင်လုပ်ပေးမယ်” ဆိုပြီး ခဏခဏပြောခဲ့တယ်လို့လည်း မစ္စမန်ဂရိုးက ပြောပါတယ်။

ဒိနောက်တော့ မစ္စတာ ဒိုင်ယာလန်က သူနဲ့ လိင်ဆက်ဆံဖို့ ခဏခဏ ဖိအားပေးခဲတယ်လို့ လည်း ထွက်ဆိုခဲ့တယ်လို့ သိရပါတယ်။

Ref: BBC

ပုံစာ။ ဂရမ်မီဆု ပေးပွဲနေ့က မစ္စတာ ဒိုင်ယာလန်

Feature Image credit: Getty Image

Visited 8 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *