စင်္ကာပူ၊ မေ ၂၉
ဂရမ်မီဆုနှစ်ဆုရှင် အမေရိကန် အဆိုတော် တိုရီ ကယ်လီ တစ်ယောက် လာမယ့် ဩဂုတ်လ ၂၁ရက်နေ့ စင်္ကာပူနိုင်ငံက ကက်ပီတယ် ကဇာတ်ရုံမှာ လာပြီး ဖျော်ဖြေမယ်လို့ သိရပါတယ်။
ဒီဂီတပွဲက အသက် ၃၁နှစ်အရွယ် တိုရီ ကယ်လီရဲ့ Purple Skies အာရှဖျော်ဖြေရေးခရီးစဉ်ရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်တယ်လို့လည်း သိရပါတယ်။
သူ့ရဲ့ ဖျော်ဖြေပွဲမှာ သူနဲ့ အတူ တက်သစ်စ အဆိုတော် မေစီ ကေးလည်း အားဖြည်ပါဝင်မှာ ဖြစ်တယ်လို့ ကြေငြာထားပါတယ်။
ကယ်လီ့ရဲ့ ရှိုးပွဲအတွက် လက်မှတ်တွေကိုတော့ စင်္ကာပူဒေါ်လာ ၈၈ ကနေ ၁၁၈ ကြားရောင်းချပေးနေပြီလို့လည်း သိရပါတယ်။
Ref : CAN
ပုံစာ။ တိုရီ ကယ်လီ့ ရဲ့ ရှိုးပွဲကြော်ငြာ
Feature Image Credit: instagram
Visited 43 times, 1 visit(s) today



