ဂန္ထဝင် “The Beatles”အဖွဲ့ရဲ့ နောက်ဆုံးသီချင်း ‘Now and Then’ ထွက်ရှိလာ

လန်ဒန်၊ နိုဝင်ဘာ ၃

ကမ္ဘာ့အကျော်ကြားဆုံး တေးဂီတအဖွဲ့တွေထဲမှာ ဒီနေ့အထိ ထိပ်ဆုံးတန်းကနေရပ်တည်နေပြီး ဆယ်စုနှစ်တွေ များစွာ အောင်မြင်နေဆဲ ဖြစ်တဲ့ “The Beatles” ရဲ့ နောက်ဆုံးသီချင်းအဖြစ်   “Now and Then” ဟာ နောက်ဆုံးတော့ ပရိသတ် တွေဆီ ရောက်လို့ လာခဲ့ပြီ ဖြစ်ပါတယ်။

တေးဆိုကတော့ ဂျွန် လင်နွန် ဖြစ်ပါတယ်။

စာသားတွေဟာ သူတို့ ဂီတပရိသတ်တွေအတွက် လွမ်းဆွတ်ဖွယ်ရာ အခိုက်အတန့်ကို ဖြစ်စေခဲ့တယ်လို့ ဆိုပါတယ်။

“The Beatles” ရဲ့ သီချင်းထွက်ရှိတာကို မျှဝေတဲ့ အင်စတာဂရမ်ပို့စ်မှာ အမေရိကန်အဆိုတော် တိုနီ ဟာနဲလ်က  “Beatles ဂီတအသစ်ထွက်လာတဲ့ အခါသမယဟာ အလွန်သာယာတဲ့နေ့ဖြစ်ခဲ့တယ်” လို ရေးထားပါတယ်။

The Beatles တေးဂီတအဖွဲ့ဟာ   ၁၉၆၀ ပြည့်နှစ်အချိန်ကာလမှာ အင်္ဂလန်က လစ်ဗာပူးလ်မြို့မှာ စပြီး ဖွဲ့စည်းခဲ့တဲ့  ရော့ခ် ဂီတအဖွဲ့ တစ်ဖွဲ့ပါ။ တေးဂီတလောကမှာ အအောင်မြင်ဆုံး အဖွဲ့တစ်ဖွဲ့အနေနဲ့ ဒီနေ့ထိ အသိအမှတ်ပြု ခံရဆဲလည်း ဖြစ်ပါ တယ်။

အဖွဲ့ဝင်တွေကတော့ ဂျွန် လင်နွန်( တေးရေး၊အဆို) ၊ ပေါလ် မက္ကတ်နေ( ဘေ့စ် ဂစ်တာ၊တေးရေး၊ အဆို) ၊ ဂျော့ဂျ် ဟယ်ရစ် စင်(ဂစ်တာ) နဲ့ ရင်ဂို စတား (ဒရမ်) တိုပဲ ဖြစ်ပါတယ်။

လက်ရှိအချိန်မှာ ဂျွန် လင်နွန်နဲ့ ဂျော့ဂျ် ဟယ်ရစ်စင် တို့ကတော့ ကွယ်လွန်သွားခဲ့ပြီ ဖြစ်ပါတယ်။

Ref: CNN

ပုံစာ၁၉၇၀ ကျော်ကာလတွေဆီက The Beatles အဖွဲသားများ

Feature Image Credit: The Beatles. (Dok. EUROPAFM)

Visited 6 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *