ဂန္ထဝင်မြောက် ရော့ဂီတအဖွဲ့ကြီး ဖြစ်တဲ့ ပင့်ခ် ဖလွိုက် က ၂၈နှစ်အတွင်း ပထမဆုံးဂီတဗီဒီယိုတစ်ပုဒ် ထုတ် ယူကရိန်းအတွက်လို့ဆို

A screen capture of Pink Floyd’s “Hey Hey Rise Up” music video

လန်ဒန်၊ ဧပြီ ၈

ကမ္ဘာကျော် ဗြိတိန်ရော့ခ်အဖွဲ ပင့်ခ်ဖလွိုက် (Pink Floyd) ကယူကရိန်းပြည်သူတွေကို ကူညီဖို့ ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ၂၈နစ်တာကာလအတွင်း  ပထမဆုံးသီချင်းအသစ်တစ်ပုဒ်ကို ရေးသားအသံသွင်းယူပြီး  ဂီတဗွီဒီယို တစ်ပုဒ်ဖန်တီး အသက်သွင်းခဲ့ကြပါတယ်။ သီချင်းနာမည်ကတော့ “Hey Hey Rise Up” ဖြစ်ပြီး ဒီနေ့ ဧပြီ ၈ရက်နေ့မှာ တစ်ကမ္ဘာလုံးကို ဖြန်ချိလိုက်ပါပြီ။ ရရှိလာမယ့့်ငွေတွေကိုလည်း ယူကရိန်းမှာရှိတဲ့ လူမှု့ကယ်ဆယ်ရေးအဖွဲ့တွေကို လှူဒါန်းထားပြီး ဖြစ်ပါတယ်။

“ကျယ်ပြန့်တဲ့ လူသိရှင်ကြား အကူအညီတွေပေးနိုင်လိမ့်မယ်လို့ မျှော်လင့်သလို ဂီတနဲ့ ရံပုံငွေရှာပြီး လူသားချင်းအကူညီပေးတဲ့အလုပ်က အရမ်းကောင်းပါတယ်” လို့  ဂန္တဝင်တီးဝိုင်းကြီးရဲ့ ဂစ်တာသမား  ဒေးဗစ် ဂေလ်မော က ပြောပါတယ်။ဒါ့အပြင် ရုရှားရဲ့ အိမ်နီးချင်းနိုင်ငံအပေါ် ကျူးကျော်တဲ့ လုပ်ရပ်ကိုလည်း ရှုံချ ကြောင်း လေးလေးနက်နက် ပြောဆိုပါတယ်။

အလားတူ ဂေလ်မောက တီးဝိုင်အဖွဲ့ ဝက်ဘ်ဆိုက်မှာ “ ဒေါသတွေနဲ့ယုတ်မာလိုက်တဲ့ လုပ်ရပ်တွေအတွက် အရမ်းစိတ်ပျက်မိတယ်” လို့ရေး တင်ထားပါတယ်။ လက်ရှိ ဂေလ်မောမှာ ယူကရိန်းသူချွေးမတစ်ယောက်နဲ့ မြေးလေး တစ်ယောက်လည်းရှိနေပါတယ်။

Ref: Bangkok post,Daily Mail

Visited 1 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *