ဂန္တဝင်အဆိုတော် အယ်လတန် ဂျွန်နဲ့ ပေါ့ပ်စတား ဘရစ်တနီ စပီးယားတို့ စင်ဂယ်တစ်ပုဒ် အတူဖန်တီး

ဘရစ်တနီ စပီးယာ.နဲ့ အယ်လတန် ဂျွန် တို့ရဲ့ နှစ်ယောက်တွဲ ပထမဆုံး စင်ဂယ်အယ်လဘမ် ထွက်ရှိလာ

ဩဂုတ် ၂၆၊ နယူးယော့ခ်

ပေါ့ပ်ဂီတအိုင်ကွန်တွေ ဖြစ်ကြတဲ့ တေးရေး၊ တေးဆို၊ စန္ဒယားဆရာ အယ်လတန် ဂျွန်နဲ့ အဆိုတော် ဘရစ်တနီ စပီးယား တို့နှစ်ဦးပူးပေါင်းပြီး  စတူဒီယို စင်ဂယ်သီချင်း တစ်ပုဒ်ကို ဖန်တီးခဲ့ကြပါတယ်။

ပေါ့ပါးသွက်လက်ပြီး  ခေတ်ပေါ် အသံနဲ့ ခေတ်ဟောင်း အသံတွေကို လှလှပပ ပေါင်းစပ်ဖန်တီး ထားတာဖြစ်ပြီး သီချင်းနာမည်က “Hold Me Closer” ပါ။ ဒါဟာ သူတို့နှစ်ဦး တစ်သက်တာမှာ ပထမဆုံးအကြိမ် ပေါင်းစည်းမှု လည်း ဖြစ်ပါတယ်။

အယ်လတန် ဂျွန်ကတော့ ၂၀၂၁ ကာလအထိ သီချင်းတွေ ဆက်တိုက် ရေးသားထုတ်လွှင့်နေတာ ဖြစ်ပေမယ့် ဘရစ်တနီ စပီးယားကတော့ သူ့ရဲ့ ၂၀၁၆ က အယ်လဘမ် “Glory” နောက်ပိုင်း ပထမဆုံး ဂီတအသစ်ကို ဖန်တီးဖြစ်တာလည်း ဖြစ်ပါတယ်။

“ စပီးယားဟာ တကယ်ကို အိုင်ကွန်တစ်ခု၊ အမြဲမပြတ် နာမည်ကြီးနေတဲ့ ပေါ့ပ်စတားတွေထဲက တစ်ယောက်ဖြစ်တဲ့ သူ့ရဲ့ ဂီတစံချိန်ဟာဟာ အံ့သြစရာကောင်းပါတယ်။ ငါသူ့ကို အရမ်းချစ်ပြီး ငါတို့အတူတကွဖန်တီးခဲ့တဲ့အတွက် ဝမ်းသာမိပါတယ်” လို့ ဂျွန်က ထုတ်ပြန်ချက်တစ်ခုမှာ ပြောခဲ့သလို ဘရစ်တနီ စပီးယားကလည်း  “မင်းနဲ့ မင်းရဲ့ဒဏ္ဍာရီဆန်တဲ့စိတ်နဲ့ အလုပ်လုပ်ခွင့်ရတဲ့အတွက် ငါအရမ်းကျေးဇူးတင်တယ်။” လို့ ရေးသားခဲ့ပါတယ်။

“ Hold Me Closer” ရဲ့ ဂီတထုတ်လုပ်သူကလည်း  အက်ဒ် ရှီယာရန်၊ အက်ဒီ ဗက်ဒါ၊ အော်ဇီ အော်စဘွန်း၊ ဂျပ်စတင် ဘီဘာ၊ ပို့စ် မလုန်း နဲ့ မိုင်လေ ဆိုင်းရပ်စ် တို့ကို တာဝန်ယူလုပ်ကိုင်ပေးခဲ့တဲ့  ပရိုဂျူဆာ အန်ဒရူး ဝပ်တ် ဆိုတော့ အကောင်းတကာ့ အကောင်းဆုံးတွေ လာစုနေတယ်လို့ ပြောရတော့မှာပါ။

ဂျွန်နဲ့ စပီးယားတို့က ၂၀၁၄ အော်စကာပွဲမှာ ဆုံတွေ့ခဲ့ကြပြီး ဒီနေ့မှာတော့ အတူတကွ သီချင်းတစ်ပုဒ် ပူးတွဲ ဖန်တီးဖို့ ဖြစ်လာခဲ့တာပဲ ဖြစ်ပါတယ်။

ခုဆိုရင်တော့ ယူကျု့ဘ်မှာ “Hold Me Closer” ရဲ့ Offical Audio ကို ဝင်ပြီး နာဆင်ခံစားလို့ ရနေပြီ ဆိုတဲ့ အကြောင်း မျှဝေလိုက်ပါတယ်။

Ref: abc news

Leave a Reply

Your email address will not be published. Required fields are marked *