ခွေးတစ်ကောင်ပူးတွဲပါဝင်တဲ့ တိုရွန်တိုမြို့ တော်ဝန်ရွေးကောက်ပွဲ

ကနေဒါနိုင်ငံ တိုရွန်တိုမြို့တော်ဝန်ရွေး ကောက်ပွဲအတွက်နာမည်စာရင်းတင်သွင်းတဲ့အခါ ဒီနှစ်မှာ ထူးထူးခြားခြားပဲ မော်လီ လို့ အမည်ရတဲ့ ခွေးမလေးတစ်ကောင်ပါ ဝင်ခဲ့တယ်။

၈နှစ်ကြာတာဝန်ထမ်းဆောင်ခဲ့တဲ့ မြို့ တော်ဝန်ဂျွန်တိုရီရဲ့နေရာမှာ တာဝန်ထမ်း ဆောင်ဖို့ အဲဒီရွေးကောက်ပွဲမှာ လူကိုယ်စာ းလှယ်ပေါင်း၁၀၁ယောက်နဲ့ ခွေးတစ်ကောင်ပါဝင်ခဲ့တယ်။

တိုဘီဟိပ်စ်လို့အမည်ရတဲ့လူက ထူးထူးခြား ခြား သူမွေးထားတဲ့ခွေးမလေးမော်လီနဲ့ အတူ ပူးတွဲပြီးရွေးကောက်ပွဲဝင်ပြိုင်ခဲ့တာပါ။

သူမြို့တော်ဝန်အဖြစ်ရွေးကောက်ခံရရင် မော်လီကို တိုရွန်တိုမြို့ရဲ့ ဂုဏ်ထူးဆောင် ခွေးမြို့တော်ဝန်အဖြစ်ခန့်အပ်မယ်လို့ ပြော ဆိုစည်းရုံးထားတာကို မဲဆန္ဒရှင် အတော် များများက သဘောကျခဲ့ကြတယ်။

လာမယ့်ရက်အနည်းငယ်အတွင်းမှာ မဲရလဒ်အဖြေကို သိရတော့မှာဆိုတော့ ခွေးချစ်တတ်တဲ့ မဲဆန္ဒရှင်တွေရင် ခုန်နေကြပါလိမ့်မယ်။

Ref: BBC

Visited 14 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *