ခြောက်လ သက်တမ်းတိုးခဲ့တဲ့ နစကရဲ့ အစိုးရအဖွဲ့ ထဲမှာ အပြောင်းအလဲတွေရှိခဲ့

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ဥက္ကဋ္ဌ ဦးသန်းဆွေဟာ နိုင်ငံခြားရေးပြည်ထောင်စုဝန်ကြီးဖြစ်လာ

နေပြည်တော်၊ ဖေဖေါ်ဝါရီ ၁

ကာလုံအစည်းအဝေးကနေ ဖွဲ့စည်းပုံ အခြေခံ ဥပဒေပုဒ်မ ၄၁၉အရ ခြောက်လ သက်တမ်း တိုးခဲ့တဲ့ နစကရဲ့ အစိုးရအဖွဲ့မှာ အပြောင်း အလဲတွေရှိခဲ့ပါတယ်။

သိသာထင်ရှားတဲ့အပြောင်းအလဲတွေကတော့ နိုင်ငံခြားရေးပြည်ထောင်စုဝန်ကြီး ဦးဝဏ္ဏမောင်လွင်ဟာ နစကကောင်စီဝင် အဖြစ်ပြောင်းရွှေ့တာဝန်ထမ်းဆောင်မှာ ဖြစ်ပြီးအဂတိလိုက်စားမှုတိုက်ဖျက်ရေး

ကော်မရှင်ဥက္ကဋ္ဌဦးသန်းဆွေဟာ နိုင်ငံခြားရေးပြည်ထောင်စုဝန်ကြီးအဖြစ် ပြောင်းရွှေ့တာဝန်ထမ်းဆောင်သွားမှာပါ။

ဒါ့အပြင် နစက ကောင်စီဝင်ဖြစ်သွားတဲ့ တိုင်းဒေသကြီးနဲ့ပြည်နယ်ဝန်ကြီးချုပ်(၃)ဦး၊တာဝန်မှနှုတ်ထွက်ခွင့်ပြုလိုက်တဲ့ ပြည် နယ်ဝန်ကြီးချုပ်(၁)ဦးနေရာမှာ တိုင်းဒေသ ကြီးနှင့်ပြည်နယ် ဝန်ကြီးချုပ်(၄)ဦးကို အသစ်ခန့်အပ်ခဲ့ပါတယ်။

ပြင်ဆင်ဖွဲ့စည်းခဲ့တဲ့ နစကအဖွဲ့မှာ ဗိုလ် ချုပ်မှူးကြီးမင်းအောင်လှိုင် ဥက္ကဋ္ဌ၊ ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းမှ ဒု-ဥက္က ဋ္ဌ၊အတွင်းရေးမှူးဒုတိယဗိုလ်ချုပ်ကြီးအောင်လင်းဒွေး၊ တွဲဖက်အတွင်းရေးမှူးဒုတိယ ဗိုလ်ချုပ်ကြီးရဲဝင်းဦး၊အဖွဲ့ဝင်တွေကတော့ ဗိုလ်ချုပ်ကြီးမြထွန်းဦး၊ ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ဒုတိယဗိုလ်ချုပ်ကြီးမိုး မြင့်ထွန်း၊ ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်၊ ဒုတိယ ဗိုလ်ချုပ်ကြီးရာပြည့်၊ ဦးဝဏ္ဏမောင်လွင်၊ ဒေါ်ဒွဲဘူ၊ ဝိုးရယ်အောင်သိန်း၊ မန်းငြိမ်း မောင်၊ ပူဂင့်ကမ်းလျန်၊ ဦးမောင်ကို၊ ဒေါက် တာအောင်ကျော်မင်း၊ ဒေါက်တာ ကျော် ထွန်း၊ ခွန်စံလွင်၊ ဦးရွှေကြိမ်းနဲ့ဦးရန်ကျော် တို့ ဖြစ်ကြပါတယ်။

Visited 2 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *