စင်္ကာပူ၊ ဩဂုတ် ၂
ခြောက်နှစ်အရွယ်သားကို ခါးပတ်နဲ့ အကြိမ် ၁၀၀ ကျော် ရိုက်ခဲ့တဲ့ မိခင်ကို သောကြာနေ့ (သြဂုတ် ၂ ရက်) မှာ ထောင်ဒဏ် ၁၃ လ ချမှတ်လိုက်ပါတယ်။
ရိုက်နှက်မှုမှာ အမျိုးသမီးက ကလေးကို လက်သီးနဲ့ထိုးပြီး လက်ပိုက် မတ်တပ်ရပ်ခိုင်းပြီး ကန်ကျောက်တာတွေ ပါးရိုက်တာတွေ လုပ်ခဲ့တယ်လို့ ရဲတပ်ဖွဲက သိမ်းဆည်းရမိထားတဲ့ ဗွီဒီယိုတွေမှာ တွေ့ရတယ်လို့ ဆိုပါတယ်။
တရားရုံးဘက်ကတော့ အမှုအသေးစိတ်အချက်တွေနဲ့အတူ တရားခံ မည်သူမည်ဝါ ဆိုတာကိုပါ ထုတ်မပြောဘဲ ကာကွယ်ထားဖို့ လည်း အမိန့်ချမှတ်ခဲ့ပါသေးတယ်။
စီရင်ချက်မှာတော့ ခရိုင်တရားသူကြီး ကာရိုး လင်းက သက်သေခံ ဗီဒီယိုဟာ အများပြည်သူ ကြည့်ရှုဖို့ မသင့်ကြောင်း ပြောဆိုခဲ့သလို အခုလို ကလေးတစ်ယောက်ကို အလွန်အကျွံ အင်အားသုံးပြီး အကြမ်းဖက်တာကို လုံးဝ ဥပဒေက လက်မခံဘူးလို့လည်း ပြောပါတယ်။
ပထမအကြိမ်စစ်ဆေးမှုကို မိခင်ဖြစ်သူက ထွက်ဆိုရာမှာ ရိုက်နှက်တာက သူမဟုတ်ဘဲ သူ့ချစ်သူလို့ လိမ်ခဲ့တဲ့ အတွက်လည်း လိမ်လည်မှု တစ်မှု ထပ်တိုး စွဲဆိုခံထားရပါတယ်။
လက်ရှိမှာ ကလေးကို တရားရုံးက အကာအကွယ်ပေးထားပါတယ်။ ကံကောင်းစွာပဲ ကလေးငယ်ခန္ဓာကိုယ်မှာ သေရာပါလောက်တဲ့ ဒဏ်ရာမျိုး မရခဲ့ဘူးလို့ သိရပါတယ်။
Ref: CAN
Feature Image Credit: CNA/Marcus Mark Ramos



