ခြင်ဆေးခွေထွန်းရာမှ ဘုန်းကြီးကျောင်းမီးလောင်ပြာကျသည်ထိဖြစ်ရ

ဧရာဝတီတိုင်းဒေသကြီး မြန်အောင်မြို့ နယ်တွင် ဇွန်လ ၁၈ ရက် ကခြင်ဆေးခွေထွန်းရာမှ တစ်ဆင့် ဘုန်းကြီးကျောင်းမီးလောင်ပြာကျသည်ထိ မှုခင်းဖြစ်ပွားခဲ့သည်။

မြန်အောင် မြို့နယ် ရှားဖြူကုန်းကျေးရွာ ရှားဖြူကုန်း ဘုန်းကြီးကျောင်းတွင် ခြင်ဆေးခွေကို စာအုပ်စင်အနီး ထွန်းထားရာက ဘုန်းကြီးကျောင်းပါ မီးလောင်ခဲ့ရခြင်းဖြစ်သည်။

အဲဒီမီးလောင်မှုကြောင့် ၆၄ x ၄၅ ပေ၊ သွပ်မိုး၊ ပျဉ်ကာ၊ ပျဉ်ခင်း နှစ်ထပ်ကျောင်းဆောင်တစ်ဆောင် မီးလောင်ပြာကျခဲ့ရခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံ မီးသတ် တပ်ဖွဲ့က ထုတ်ပြန်ထားသည်။

Leave a Reply

Your email address will not be published. Required fields are marked *