ချေးငွေအဟောင်းကျေပြီး တောင်သူများ ချေးငွေသစ် ထပ်ချေးနိုင်မည်

ချေးငွေဟောင်းကို အကျေဆပ်ပြီး တောင်သူများအား စိုက်ပျိုးစရိတ်အဖြစ် ချေးငွေသစ် ထပ်မံ ထုတ်ချေးပေးမည် ဖြစ်၍ သက်ဆိုင်မြို့နယ်ခရိုင်ဘဏ်ခွဲများနှင့် အမြန်ဆုံးဆက်သွယ်ကြရန် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်က ယနေ့ မေလ ၁၇ ရက်တွင် ထုတ်ပြန်လိုက်သည်။

ယခင်ချေးငွေအတိုးအရင်းအကျေဆပ်ပြီးသည့် တောင်သူများအား မနက်ဖြန် မေလ ၁၈ရက်မှ စ၍ ၂၀၂၃ ခုနှစ်မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေထပ်မံထုတ်ချေးသွားမည်ဖြစ်ပြီး အတိုးနူန်းကို ယခင်နှစ်အတိုင်း ၅ရာခိုင်နူန်းဖြင့် သက်ဆိုင်ရာ ခရိုင်မြို့နယ် ဘဏ်ခွဲများမှတစ်ဆင့်ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်းသိရသည်။

ချေးငွေချေးမည့်တောင်သူများအနေဖြင့် ယခင်ကြွေးကျန်ကင်းရှင်းမှသာ ချေးငွေအသစ် ထုတ်ချေးနိုင်မည်ဖြစ်ပြီး မြန်မာ့လယ်ယာဖွံ့ဖြိုးကထုတ်ချေးသော အခြားနှစ်တို ၊နှစ်လတ် ချေးငွေ များကိုလည်းသတ်မှတ်စည်းကမ်းချက်မှားနှင့်အညီထုတ်ချေးခွင့်ရရှိမည် ဖြစ်ကြောင်း သိရသည်။

photo-KoPyae

Visited 1 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *