နိုဝင်ဘာ ၅၊၂၀၂၃
ကရင်ပြည်နယ်၊လှိုင်းဘွဲ့ မြို့နယ်၊ ဒေါ်လမ်းကွမ်ဖော်ကြားရှိချောင်းအတွင်း ကားနဲ့အတူအမျိုးသားနှစ်ဦး နိုဝင်ဘာလ၄ရက်နေ့ကနှစ်မြုပ်ခဲ့ပြီး အသက်၈၀ကျော် အဘိုးအိုရဲ့သေဆုံးနေတဲ့ ရုပ်အလောင်းကို သည်ကနေ့ညနေမှာ တွေ့ရှိထားတယ်လို့ မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့(ဘားအံ)ဆီကသိရပါတယ်။

နိုဝင်ဘာလ၄ရက်နေ့၊ညနေ၆နာရီဝန်းကျင်က ချောင်းအတွင်းအမျိုးသားနှစ်ဦးကားနဲ့အတူပြုတ်ကျခဲ့တာဖြစ်ပါတယ်။
ပြုတ်ကျသွားသူထဲက၊ အသက်၆၀ ကျော်အရွယ်အမျိုးသားအသက်တဦးရဲ့အလောင်းကို ဆက်လက်ရှာဖွေနေဆဲဖြစ်ပြီး နှစ်မြုပ်သွားတဲ့ကားထဲမှာညှပ်နေတာကြောင့်ကားကို မြေပေါ်ကိုဆွဲတင်ဖို့နိုဝင်ဘာလည၇နာရီအချ်ိန်ထိ ကယ်ဆယ်ဖို့ကြိုးစားနေကြဆဲလို့ အနီးအနားရောက်ရှိသူတွေက အသိပေးပြောကြားထားပါတယ်။
Visited 1 times, 1 visit(s) today