မွန်ပြည်နယ်၊ချောင်းဆုံမြို့နယ်၊ ညောင်လမ်းကျေးရွာက “ရွှေရည်နန်းထိုက်”ရွှေဆိုင်မှာ စက်တင်ဘာလ၂၇ရက်ညနေ ပိုင်းက ဓါးပြဝင်တိုက်တဲ့သူကို ဆိုင်ဝန်ထမ်းများက ပြန် လည်ခုံခံပြီး ဖမ်းဆီးနိုင်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။


ဖြစ်စဥ်မှာ စက်တင်ဘာလ၂၇ရက်ညနေပိုင်းက ချောင်းဆုံမြို့နယ်၊ ညောင်လမ်းကျေးရွာက “ရွှေရည်နန်းထိုက်”ကို အမျိုးသားတစ်ဦး တူတစ်လက်ကိုင်ဆောင်ရောက်ရှိလာပြီး ဆိုင်အတွင်းက ရွှေကောင်တာမှန်များကို တူနဲ့ရိုက်ခွဲပြီး ရွှေထည်ပစ္စည်းများကို လုယက်ဖို့ဆောင်ရွက်ခဲ့ရာ ရွှေဆိုင်ဝန်ထမ်းများက ပြန်လည်ခုခံကာ ဖမ်းဆီးနိုင်ခဲ့တာလို့ သိရပါ တယ်။
ဖမ်းဆီးရမိခဲ့တဲ့ လုယက်သူအမျိုးသားကို သက်ဆိုင်ရာကို အပ်နှံခဲ့တယ်လို့လည်း သိရပါတယ်။
Visited 6 times, 1 visit(s) today