ချားလ်စ်ဘုရင်တစ်ယောက် ကင်ဆာရောဂါအဖြေထွက်ပြီး ပထမဆုံး လူသိရှင်ကြား အပြင်ထွက်လာ

အိမ်ရှေ့မင်းသားဝီလျံနဲ့ သူ့မိသားစု
Photo credit: Telegraph

လန်ဒန်၊ ဖေဖေါ်ဝါရီ ၁၂

တတိယမြောက် ချားလ်စ်ဘုရင်ဟာ သူ့အတွက် ကင်ဆာရောဂါ အဖြေထွက်ပြီးတဲ့နောက် ဘုရင်မကြီး ကမ်မီလာနဲ့ အတူတွဲကာ ပထမဆုံး အဖြစ် ဘုရားကျောင်ကို တက်ရင်း လူထုရှေ့ကို ထွက်လာခဲ့ပါတယ်။

ဘုရင်ကြီးဟာ  တနင်္ဂနွေမနက်က  အင်္ဂလန်အရှေ့ပိုင်းက သူ့ရဲ့ ဆန်ဒရင်ဂမ်  အိမ်တော်ကနေ စိန့်မေရီမာဂဒလိန်း ဘုရားကျောင်းကို  လမ်းလျှောက်လာရင်း  ကြိုဆိုနေတဲ့ ပြည်သူတွေကို လက်ဝှေ့ယမ်း နုတ်ဆက်ခဲ့တယ်လို့ သိရပါတယ်။

အခုသီတင်းပတ်အစောပိုင်းတုန်ကလည်း သူရဲ့ ဆန်ဒရီဂမ် အိမ်တော်ထဲမှာပဲ သူ့စီးတော်ယာဉ်ကားနောက်ခန်းမှာ  ဓာတ်ပုံအရိုက်ခံခဲ့ပါသေးတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလက ဆီးကျိတ်ကြီးတဲ့ ရောဂါအတွက် လန်ဒန်ဆေးရုံမှာ ကုသမှုခံယူခဲ့ရပြီးတဲ့နောက် ကင်ဆာရောဂါကိုပါ ဖော်ထုတ်တွေ့ရှိခဲ့တဲ့အကြောင်း နန်းတော်က ပြောပါတယ်။ ကင်ဆာအမျိုးအစားအနေနဲ့ ဆီးကျိတ်ကင်ဆာလို့ အမည်တပ်နေကြတာကိုတော့ တော်ဝင်သတင်းရင်းမြစ်တွေက ပယ်ချထားတယ်လို့လည်း သိရပါတယ်။

သူ့ကို ပြည်သူ့တွေနဲ့  ထိတွေ့လုပ်ကိုင်ရမယ့် တာဝန်တွေကနေ နုတ်ထွက်ဖို့ ဆရာဝန်တွေက ညွှန်ကြားထားတယ်လို ဆိုပါတယ်။ နန်းတော်ကတော့ နိုင်ငံတော်ရဲ့ တာဝန်နဲ့ ရုံးကိစ္စဖြစ်တဲ့ စာရွက်စာတမ်းနဲ့ လုပ်ရတဲ့ အလုပ်တွေကို ဆက်လုပ်မယ်လို့ အလေးပေး ပြောဆိုခဲ့ပါတယ်။

လက်ရှိအခြေအနေတွေကြောင့် ဘုရင်ကြီးရဲ့ သားကြီးလည်းဖြစ်၊ထီနန်ဆက်ခံရမယ့်သူလည်း ဖြစ်တဲ့ အိမ်ရှေ့မင်းသား ဝီလျံကတော့ ပြည်သူလူထုနဲ့ ပိုပြီး ထိတွေမှုတွေ လုပ်ဖို့ နန်တော်က မျှော်လင့်နေ တယ်လို့လည်း သိရပါတယ်။

သားငယ်မင်းသားဟယ်ရီ ကလည်း ဖခင်ကြီး သတင်းကြားကြားခြင်း  အခုသီတင်းပတ်အစောပိုင်းမှာပဲ ဗြိတိန်ကို ရောက်လာခဲ့ပါတယ်။

ဟယ်ရီကို  ဖေဖေါ်ဝါရီ ၈ရက် ကြာသပတေးနေ့က လတ်စ် ဗီဂတ်မှာ ကျင်းပခဲ့တဲ့  NFL ဂုဏ်ထူးဆောင်ဆုပေးပွဲအခမ်းအနားမှာ လူကြားထဲ တွေခဲ့ရသေးတယ်လို့လည်း ဆိုပါတယ်။

Ref: CNN

ပုံစာအပြင်ထွတ်လာတဲ့ ဘုရင်ကြီးကို တွေ့ရစဥ်

Feature Image Credit: The Independent

Visited 9 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *