
PhotoCredit: Aaron Chown/Pool Photo via AP
လန်ဒန်၊ နိုဝင်ဘာ ၂၃
ဗြိတိန်ပြည်ထောင်စုနဲ့ ဓနသဟာယနိုင်ငံများရဲ့ ဘုရင် တတိယမြောက်ချားလ်စ်က တောင်ကိုရီးယား ကေပေါ့ပ် ကြယ် ပွင်တွေဖြစ်တဲ့ Blackpink အဖွဲဝင်တွေကို နိုဝင်ဘာ ၂၂ရက်နေ့က MBE ဆုတံဆိပ်တွေ ချီးမြှင့်လိုက်ပါတယ်။
အခုလို ချီးမြှင့်တာဟာ တောင်ကိုရီးယားသမ္မတ ယွန်းဆွတ်ခ်ရိုး ယူကေ နိုင်ငံကို တရာဝင်ခရီးစဥ် အနေနဲ့ ရောက်နေတဲ့ အခိုက်အတန့်လည်း ဖြစ်ပါတယ်။
Blackpink အဖွဲ့ဟာ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အကြောင်းတရားတွေကို အမြဲတစေ လှုံ့စော် ပံ့ပိုးပေးနေတာ ဖြစ်ပြီး သူတို့ရဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ သတင်းစကားတွေက လူငယ်သန်းပေါင်းများစွားဆီကို ရောက်ရှိ ခဲ့တဲ့ အတွက် ချီး ကျူးဂုဏ်ပြုထိုက်တဲ့ သူတွေအဖြစ် သတ်မှတ်ခံရပြီး ဘုရင်ကိုယ်တိုင်က ချီးမြှင့်ပေးခဲ့တာ ဖြစ်ပါတယ်။
ဆုချီးမြှင့်တဲ့ အခမ်းအနားမှာ ဘုရင်ကြီးက “သူတို့က ဒီအရေးကြီးတဲ့ ကိစ္စရပ်တွေကို ဦးစားပေးပြီး ကမ္ဘာလုံးဆိုင်ရာ စူပါ စတားတွေ ဖြစ်လာတာကိုပဲ ချီးကျူးပါတယ်” လို့ ချီးကျူးစကားဆိုပါတယ်။
ဆုပေးအပ်တဲ့ အခမ်းအနားကို လန်ဒန်မြို့က ဘက်ကင်ဟမ်နန်းတော်ကြီးမှာ ကြီးကြီးကျယ်ကျယ် ကျင်းပခဲ့တာ ပါ။
MBE ဆုတံဆိပ်ရဲ့ မူရင်းအဓိပ္ပါယ်က” Awarded for an outstanding achievement or service to the community” လူ့အသိုက်အဝန်းအတွက် ထူးချွန်ပြောင်မြောက်တဲ့ ကိစ္စတွေ ထမ်းရွက်ပေးတဲ့ သူတွေကို ဂုဏ်ပြု့တဲ့ အနေနဲ့ ချီးမြှင့်တဲ့ ဆုတံဆိပ် ဖြစ်ပါတယ်။
Ref: BBC
ပုံစာ။ ဆုတံဆိပ်တွေနဲ့ အတူ တွေ့ရတဲ့ Blackpink အဖွဲ့ဝင်များ
Fature Image Credit: Pa Image



