ချမ်းအေးသာစံမြို့နယ်မှာ ဆိုင်ကယ်သူခိုး၃ဦးဖမ်းဆီးရမိ

မန္တလေးမြို့၊ချမ်းအေးသာစံမြို့နယ်၊ပြည်ကြီးပျော်ဘွယ်အ ရှေ့ ရပ်ကွက်၊ ၃၀×၃၁ လမ်းကြား၊ ၈၆( A)လမ်းမှာ စက် တင်ဘာလ၂၅ရက်မနက်၃နာရီ၄၅မိနစ်ကဆိုင်ကယ်သူခိုး ၃ဦးကို ခိုးယူလာတဲ့ဆိုင်ကယ်နဲ့အတူ ဖမ်းဆီးရမိခဲ့ပြီး ဆိုင်ကယ်သူခိုး၃ဦးအနက် ၂ဦးမှာ အရွယ်မရောက်သေးတဲ့လူ ငယ်များဖြစ်နေတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေဆီက သိရပါတယ်။

ဖြစ်စဥ်မှာ စက် တင်ဘာလ၂၅ရက်မနက်၃နာရီ၄၅မိနစ်က လုံခြုံရေးတပ်ဖွဲ့ဝင်များပါဝင်တဲ့ ပူးပေါင်းအဖွဲ့ဟာချမ်း အေးသာစံမြို့နယ်၊ အောင်နန်းရိပ်သာအနောက်ရပ်ကွက်၊ ၃၂×၃၃လမ်းကြား၊ ၈၅ Dလမ်းမှာ လှည့်ကင်းဆောင်ရွက်နေချိန် ၈၅ Dလမ်းအတိုင်း မြောက်ကနေတောင်ကို ဆိုင်ကယ် (၁)စီး မောင်းနှင်လာတဲ့ အမည်မသိ အမျိုးသား(၃)ဦးကို မသင်္ကာဖွယ်တွေ့ရှိရတာကြောင့် စစ်ဆေးဖို့ ရပ်တန့်ခိုင်းရာ ဆိုင်ကယ်ရပ်တန့် ပေးခြင်းမရှိဘဲ မောင်းနှင်ထွက်ပြေးခဲ့တာကြောင့် လိုက်လံဖမ်းဆီးခဲ့ရာ ပြည်ကြီးပျော်ဘွယ်အရှေ့ရပ် ကွက်၊ ၃၀×၃၁ လမ်းကြား၊ ၈၆ A လမ်းအရောက်မှာ ဆိုင်ကယ်ိဲ့အတူ ၃ဦးစလုံးကို ဖမ်းဆီးရမိခဲ့ပြီး စစ်ဆေးခဲ့ရာ ဆိုင်ကယ်ယာဉ်အမှတ် (မပါ) ၊ ZONGSHANE ၊ ရုပ်ဆိုး 125 (နက်/ပြာရောင်) ဆိုင်ကယ်၊ တန်ဖိုး( ၃၀၀၀၀၀ )ကျပ်ခန့်ကို ချမ်းအေးသာစံမြို့နယ်အတွင်း တစ်နေရာရာမှ ခိုးယူလာတာဖြစ်ပြီး မသင်္ကာဖွယ်တွေ့ရှိသူ အောင်စိုး( ၂၄နှစ်)၊တက်တူးထိုး၊ ဗမာ/ဗုဒ္ဓ၊ အကွက်(၄၁၁)၊ ကန်ပတ်လမ်း၊ အမှိုက်ကုန်း၊ ပတ္တာရပ်ကွက်၊ မဟာအောင်မြေမြို့နယ်၊ ကျော်ကျော်မိုး(၁၅နှစ်)ပန်းရံလုပ်၊ ဗမာ/ဗုဒ္ဓ၊ အကွက်(၄၁၁)၊ ကန်ပတ် လမ်း၊ အမှိုက်ကုန်း၊ ပတ္တာရပ်ကွက်၊ မဟာအောင်မြေမြို့ နယ်နှင့်အောင်မြင့်မြတ်(၁၆နှစ်ခန့်)၊ လက် သမား၊ဗမာ/ဗုဒ္ဓ၊အကွက်(၄၁၁)၊ကန်ပတ်လမ်း၊ အမှိုက်ကုန်း၊ ပတ္တာရပ်ကွက်၊ မဟာအောင်မြေ မြို့နယ် နေသူတို့(၃)ဦးကို အမှတ်၆ နယ် မြေရဲစခန်းမှာ (ပ)၁၀၄/၂၀၂၃၊ ရာဇသတ်ကြီးပုဒ်မ ၃၇၉/ ၅၄နဲ့ အမှုဖွင့်အရေးယူထားတယ်လို့ သိရပါတယ်။

Visited 7 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *