မန္တလေးမြို့၊ချမ်းအေးသာစံမြို့နယ်၊ပတ်ကုန်းဝန်းကျင်ရပ်ကွက်၊လမ်း၃၀၊၇၂လမ်းနဲ့၇၃ လမ်းကြားက အောင် ရွှေဆိုင်မှာ နိုဝင်ဘာလ၁၇မနက် ၁၀ နာရီ၄၀မိနစ်က ဓါးပြတိုက်ခံခဲ့ရပြီး ဓါးပြအဖွဲ့က ဆိုင်အတွင်းရှိငွေကျပ်သိန်း(၁၂၀၀၀) ကျော်တန်ဖိုးရှိ ရွှေထည်ပစ္စည်းများကို လုယက်ယူဆောင်သွားတယ်လို့ ဒေသခံသတင်းရင်း မြစ်တွေဆီက သိရပါတယ်။
“ဆိုင်ဓားမြ တိုက်ခိုက်ခံလိုက်ရပြီ ရင်တွေလည်း ကွဲပါပြီ သေနတ်တွေလည်း ပြစ်လူမထိတာ ဘဲကံကောင်ရပစ္စည်းတွေပါသွားပြီ။လုပ်ရပ်ကြတယ် လူတွေ သူတို့ ကြိုတင်စီစဉ်ထားတာပါ ကားနဲ့လာ တာမိနစ်ပိုင်းတွင်းကို အကုန်ယူသွားတာ။စိတ်ဓာတ်တွေလည်း ကျနေပါပြီ”လို့ ရွှေဆိုင်ပိုင်ရှင်အမျိုးသမီးက သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာမှ မျှဝေထားပါတယ်။



ဖြစ်စဥ်မှာ နိုဝင်ဘာလ၁၇မနက် ၁၀နာရီ၄၀မိနစ်က ချမ်း အေးသာစံမြို့နယ်၊ပတ်ကုန်းဝန်းကျင်ရပ်ကွက်၊လမ်း ၃၀၊ ၇၂လမ်းနဲ့၇၃ လမ်းကြားက အောင် ရွှေဆိုင်ကို Mark 2 အဖြူရောင်ယာဥ်နဲ့ အင်္ကျီအနက်ရောင် ၊ ဘောင်းဘီရှည် အနက်ရောင် ဝတ်ဆင်ထားတဲ့ အမျိုး သား ၃ ဦးရောက်ရှိလာပြီး သေနတ် အတို ၂ လက်ကိုင်ဆောင်ပြီး သေနတ်၂ ချက် ပစ်ဖောက်ကာ အသင့်ပါ လာတဲ့ အရိုးအသွား ၁၂ လက်မခန့်ရှိ ဆိတ်ချိုတူနဲ့ ကောင်တာ ၅ လုံးအား ရိုက်ခွဲပြီး ကောင် တာအတွင်းရှိ စိန်၊ပလက်တီနမ်၊ရွှေတို့နဲ့ ပြုလုပ်ထားတဲ့ ဆွဲ ကြိုး၊လက်ကောက်၊လက်စွပ်နားကပ်၊ဟန်းချိန်းနဲ့ကလစ် အ စရှိတဲ့ ပစ္စည်းမျိုးစုံ စုပေါင်းတန်ဖိုးငွေ သိန်းပေါင်း ၁၂၀၆၀ သိန်းခန့်ကို လုယက်ယူဆောင်ပြီး ၇၂(A) လမ်းအတိုင်း မြောက်ဘက်ကို မောင်းနှင်ထွက်ပြေးသွားခဲ့ကြောင်းနဲ့အခင်းဖြစ်နေရာမှာ NRC 9 MM Luger ကျည်ခွံ ၁ တောင့်၊ 380 ပစ္စတို ကျည်ခွံ ၁ ခွံ၊ အရိုးအသွား ၁၂ လက်မခန့်ရှိ အဝါရောင်တူ(အနက်ရောင်)အရိုးတပ်လျက်တို့ကျန်ရှိခဲ့ကြောင်း သိရပါတယ်။