ပြင်ပဒဏ်ရာတစ်စုံတစ်ရာမရှိဘဲ သေ ဆုံးနေတာဖြစ်
ဧပြီ ၂၉၊ မန္တလေး
မန္တလေးမြို့၊ချမ်းအေးသာစံမြို့နယ်၊ ချမ်း အေးသာစံအရှေ့ရပ်ကွက်၊ ၂၇ လမ်း၊ ၈၁ ×၈၂ လမ်းကြားရှိ တည်းခိုခန်းတစ်ခုက အ ခန်းတစ်ခန်းထဲမှာ အသက်၅၀ကျော် အ ရွယ် အမျိုးသားတစ်ယောက် ပုပ်ပွသေဆုံး နေ တဲ့ဖြစ်စ်တစ်ခု ဧပြီလ၂၉ ရက် ည၉နာရီ ခွဲက ဖြစ်ပွားခဲ့တယ်လို့ ဒေသခံသတင်း ရင်းမြစ် တွေဆီကသိရပါတယ်။
သေဆုံးနေသူအမျိုးသားဟာ ဧပြီလ၂၈ရက်နံနက်၁၀နာရီက တည်းခိုနေထိုင်ခဲ့သူဖြစ်ပြီး တည်းခိုခန်းမန်နေဂျာဖြစ်သူက ဧပြီ လ ၂၉ ရက် ည၉နာရီခွဲက သေဆုံးသူအမျိုးသားအ ခန်းမှ အပုပ်နံ့ထွက်လာတာကြောင့် တာ ဝန်ရှိသူတွေထံ အကြောင်း ကြား ပြီး အခန်း အားစစ်ဆေးခဲ့ရာမှာ အခန်းအတွင်းက ကုတင်ပေါ်မှာ ပက်လက်အနေအထားနဲ့ ပြင်ပဒဏ်ရာတစ်စုံ တစ်ရာမရှိဘဲ သေဆုံး နေတာကို တွေ့ရှိခဲ့ရတာကြောင့် ရုပ်အ လောင်းကို ဓမ္မတာအတိုင်း သေဆုံးတာ ဟုတ်/မဟုတ် စစ် ဆေး နိုင်ဖို့အတွက် မန္တလေးအထွေထွေရောဂါကုဆေးရုံကြီးကို ပရဟိတဓာရီ လူမှုကူညီရေးအသင်းကမော်တော်ယာဉ်နဲ့ ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။
Photo– ပရဟိတဓာရီ