ဘယ်အဖွဲ့က သတ်သွားတယ်ဆိုတာ မသိ ရသေး

ဓါတ်ပုံ။ Mdy Image
မန္တလေး၊ မတ် ၃၁
မန္တလေးမြို့၊ချမ်းမြသာစည်မြို့နယ်၊ထွန်တုံးရပ်ကွက်ရှိ နေအိမ်တစ်အိမ်မှာ မတ်လ၃၁ရက်ညနေ၃နာရီ၄၅မိနစ်က ရာအိမ်မှူး တစ်ယောက် သေနတ်နဲ့ ပစ်သတ်ခံခဲ့ရတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေဆီက သိရပါတယ်။
အသတ်ခံလိုက်ရတဲ့ရာအိမ်မှူးက အသက်၅၂နှစ်အ ရွယ်ဦးစန်းအောင်ဆိုသူဖြစ်ပြီး သူရဲ့နေအိမ်ကို အ မည်မသိအမျိုးသား နှစ်ယောက် ဆိုင်ကယ်နဲ့ရောက်လာပြီး သူ့ကို သေနတ်နဲ့ပစ်ပြီး ထွက်ပြေးသွားခဲ့ကြတာလို့ သိရပါတယ်။
သေနတ်နဲ့ အပစ်ခံလိုက်တဲ့ ဦးစန်းအောင်ဟာ ဦးစန်းအောင်မှာ ဦးခေါင်းနောက်စေ့ကျည်ဖောက်ဝင်ဒဏ်ရာ ၁ ချက်၊ယာရင် အုံကျည် ဖောက်ဝင်ဒဏ်ရာ ၁ချက်၊ ဝဲလက်ပြင်မှ လက်မောင်းကျည်ဖောက်ထွက် ဒဏ်ရာ ၁ ချက်တို့ ရရှိခဲ့ပြီး အခင်းဖြစ် နေရမှာတင် သေဆုံးသွားခဲ့တယ်လို့လည်း သိရပါတယ်။