■မီးလောင်မှုဖြစ်ပွားရတဲ့အကြောင်းအရင်း စိစစ်နေဆဲဖြစ်
မန္တလေးမြို့၊ချမ်းမြသာစည်မြို့နယ်၊မနော်ဟရီလမ်း၊၄၈ လမ်းနဲ့၄၉လမ်းကြားမှာ မတ်လ၄ရက်ညနေ၄နာရီခန့်က စက်သုံးဆီအရောင်းဆိုင်တစ်ဆိုင် မီးလောင်မှုဖြစ်ပွားခဲ့တယ်လို့ မီးသတ်ဦးစီးဌာနက သိရပါတယ်။








“မီးကဆိုင်ထဲမှာပဲလောင်သွားတာပါ။ဆိုင်ထဲက အိမ်စီးကားတစ်စီးတော့ မီးထဲပါသွားတယ်။ဘာကြောင့်လောင်တယ်ဆိုတာတော့ စိစစ်နေဆဲပါ”လို့ တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
မီးလောင်မှုဖြစ်ပွားရာကို ချမ်းမြသာစည်မြို့နယ်အ တွင်းက lv1ယာဥ်အုပ်စုများ ထွက်ခွာမီးငြှိမ်းသတ်ပေးခဲ့ရတယ်လို့ သိရပါတယ်။
Visited 23 times, 1 visit(s) today



