ချမ်းမြသာစည်မြို့နယ်မှာ မီးလောင်မှုဖြစ်

မီးလောင်မှုဖြစ်ပွားရတဲ့အကြောင်းအရင်းမသိရသေး

မန္တလေး၊ ဧပြီ ၁၀

မန္တလေးမြို့၊ချမ်းမြသာစည်မြို့နယ်၊အောင်ပင်လယ်ရပ်ကွက်၊း၊၅၁လမ်းနဲ့၅၂လမ်းကြား၊၁၀၅လမ်းနဲ့၁၀၆လမ်းကြားမှာ ဧပြီလ၁၀ ရက် နံနက်၅နာရီ ၂၈မိနစ်က မီးလောင် မှုဖြစ်ပွားခဲ့ရာ နေအိမ် ၁၀လုံးကျော် မီးလောင်ဆုံးရှုံးခဲ့ရတယ်လို့သိရပါ တယ်။

မီးလောင်မှုကို Lv1အဆင့် မီးသတ်တပ်ဖွဲ့ ယာဉ်အုပ်စုတွေ ထွက်ခွာမီးငြှိမ်းပေးခဲ့ရပြီး နံနက်၅နာရီ၃၃မိနစ်မှာ မီးငြှိမ်းသတ် ပေး နိုင်ခဲ့တယ်လို့ သိရပါတယ်။

Photo– Than Htay