မန္တလေးမြို့၊ချမ်းမြသာစည်မြို့နယ်၊စစ်ကိုင်း-မန္တလေးလမ်းက ဂိုဒေါင်တစ်လုံးအတွင်းမှာ စက်တင်ဘာလ၂၅ရက်နေ့ မွန်းလွဲ၁၂နာရီကျော်က စင်ပြိုကျကျရာကနေ လူသေဆုံးမှုဖြစ်ပွားခဲ့တယ်လို့ လူမှုကူညီရေးဆောင်ရွက်ပေးခဲ့သူတွေဆီက သိရပါတယ်။



ဖြစ်စဥ်မှာ စက်တင်ဘာလ၂၅ရက်နေ့ မွန်းလွဲ၁၂နာရီ၁၂မိနစ်က ချမ်းမြသာစည်မြို့နယ်၊စစ်ကိုင်း-မန္တလေးလမ်းက ဂိုဒေါင်တစ်လုံးအတွင်းမှာ စင်တစ်ခုပေါ်ကို ကျောက်အမှုန့်အိတ်များ ထပ်တင်ရာကနေ စင်ပြိုကျမှုဖြစ်ပွားခဲ့တာကြောင့် အလုပ်လုပ်နေတဲ့ အလုပ်သမားနှစ်ဦးအပေါ် ပိမိခဲ့ပြီး တစ်ဦး သေဆုံးခဲ့ကာ တစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့တာလို့ သိရပါတယ်။
သေဆုံးနဲ့ထိခိုက်ဒဏ်ရာရခဲ့သူတို့ကို မဏီစလအသင်းနဲ့မိုဃ်းကောင်းယသအသင်းတို့က ကူညီကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြပြီး လူနာတင်ယာဥ်များနဲ့ မန္တလေးအထွေထွေရောဂါကုဆေးရုံကြီးအရေးပေါ်ပြင်ပလူနာဌာနကို ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။