ချမ်းမြသာစည်မြို့နယ်မှာ ရာအိမ်မှူးနဲ့ သား ဖြစ်သူ သေနတ်နဲ့ပစ်ခံရ

မန္တလေးမြို့၊ချမ်းမြသာစည်မြို့နယ်၊ကျွန်းလုံးဥသျှောင်ရပ်ကွက်၊အကွက်(၅၀၀)၊၁၀၅ (အေ)လမ်း၊၈၄လမ်းနဲ့၈၅လမ်းကြားမှာ ဇွန်လ၂၃ရက်နေ့ ည ၉ နာရီ၁၀မိနစ်က ရာအိမ်မှူးဦးမြတ်ထူးနဲ့သားဖြစ်သူ ရဲမြင့် မိုရ်ထူးတို့ကို အမည်မသိလက်နက်ကိုင် အချို့က သေနတ်နဲ့ပစ်ခဲ့တာကြောင့် ရာအိမ် မှူးမှာ သေဆုံးခဲ့ရပြီး သားဖြစ်သူမှာ ထိ ခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ဒေသခံသ တင်းရင်းမြစ်တွေဆီက သိရပါတယ်။

သေနတ်နဲ့ပစ်ခံခဲ့ရတဲ့ ရာအိမ်မှူးဦးမြတ် ထူးမှာ ဦးခေါင်းသေနတ်ထိမှန်ဒဏ်ရာ ၂ ချက်(စိုးရိမ်ရ)နဲ့ရဲမြင့်မိုရ်ထူးမှာ နောက် ကျောမှဝမ်းဗိုက်ဖောက်ထွက်ဒဏ်ရာ(မစိုးရိမ်ရ)ရရှိခဲ့ပြီး ဒဏ်ရာရရှိသူ ၂ ဦးကို မန္တလေးပြည်သူ့ဆေးရုံကြီးကို တင်ပို့ကုသ ခဲ့ပေမယ့် ဦးမြတ်ထူးမှာ ည ၉ နာရီ ၄၅ မိ နစ်က ရရှိဒဏ်ရာနဲ့ ဆေးရုံမှာ သေဆုံးသွား ခဲ့တယ်လို့ သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *