ချမ်းမြသာစည်မြို့နယ်မှာ မူးယစ်ရမ်းကား သူ အမျိုးသားတစ်ယောက် ဖမ်းဆီးရမိ

ချမ်းမြသာစည်မြို့နယ်၊အထကခွဲ(၁၈)ကျောင်းမှာ မူးယစ်ရမ်းကားပြီး ကျောင်း သား/သူများကို ပေါက်ပြားနဲ့ လိုက်ခုတ်ခဲ့တာ ဖြစ်မန္တလေးမြို့၊ချမ်းမြသာစည်မြို့နယ်၊သံတောင် ရပ်ကွက်ရှိ အထကခွဲ(၁၈)ကျောင်းမှာ ဇွန် လ၂၁ရက်မနက်ပိုင်းက ကျောင်းအတွင်း မူးယစ်ရမ်းကားသူ အမျိုးသားတစ် ယောက် ကို ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။

မူးယစ်ရမ်းကားသူအမျိုးသားဟာ ကျောင်း အတွင်းဝင်ရောက်ပြီး ကစ္စပနဒီကျောင်း ဆောင်နှင့် မေခကျောင်းဆောင်တို့မှ တံ ခါးမကြီးရှိ အလျား ၂၂ လက်မခန့်၊အနံ ၁၈ လက်မခန့်ရှိ မှန်ချပ် ၆ ချပ်နဲ့ ကျောင်းဈေးတန်းရှိ ဈေးဆိုင်တို့ကို ရိုက်ချိုး ဖျက် ဆီးခြင်းများပြုလုပ်ခဲ့တဲ့အပြင် ကျောင်းသား/သူများကို ပေါက်ပြားနဲ့လိုက်ခုတ်ခဲ့တာ ကြောင့် ကျောင်းသား/သူများ ထွက်ပြေး ခဲ့ရတယ်လို့ သိရပါတယ်။

မူးယစ်ရမ်းကားသူနာမည်မှာ မျိုးမင်းသူ (၁၉)နှစ်၊(ဘ)ဦးထွန်းထွန်းခိုင်၊ချမ်းမြသာ စည်မြို့နယ်၊အကွက်(၄၆၀)၊သံလျှက်မှ ော်တောင်ရပ်ကွက်နေသူဖြစ်ကြောင်း သိရပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *