ချမ်းမြသာစည်မြို့နယ်က အခွန်ရုံးလက်လုပ် မိုင်းနဲ့ပစ်ပေါက်ခံရ လက်လုပ်မိုင်းပေါက်ကွဲမှု အခွန်ရုံးဝန် ထမ်းတစ်ယောက်ထိခိုက်ဒဏ်ရာရ

မန္တလေးမြို့၊ချမ်းမြသာစည်မြို့နယ်၊မြို့သစ်( ၁)ရပ်ကွက်၊ လမ်း ၆၀၊ ၁၀၁ (A) လမ်းနဲ့ ၁၀၂လမ်းကြားက ပြည်တွင်းအခွန်များဦး စီးဌာန၊ အလယ်အလတ်အခွန်ထမ်းများ ဆိုင်ရာ အခွန်ရုံးကို ဇွန်လ၁၅ရက်မနက်၁၀ နာရီ၃၅မိနစ်က လက်လုပ်မိုင်းနဲ့ ပစ်ပေါက် ခံခဲ့ရတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေ ဆီက သိရပါတယ်။

ဖြစ်စဉ်မှာ ဇွန်လ၁၅ရက်မနက်၁၀ နာရီ ၃၅မိနစ်က ချမ်းမြသာစည်မြို့နယ်၊ မြို့သစ်(၁)ရပ်ကွက်၊ လမ်း ၆၀၊ ၁၀၁ (A) လမ်းနဲ့ ၁၀၂လမ်းကြားက ပြည်တွင်းအခွန်များဦး စီးဌာန၊ အလယ်အလတ်အခွန်ထမ်းများဆိုင်ရာအခွန်ရုံးကို လမ်း၆၀အတိုင်း တောင် ကနေမြောက်ကို အမည်မသိအမျိုးသားနှစ် ယောက် မောင်းနှင်လာတဲ့ ဆိုင်ကယ် တစ် စီးပေါ်ကနေ အချိုရည်ဘူးခွံနဲ့ ပြုလုပ်ထားတဲ့ လက်လုပ်မိုင်းနဲ့ ပစ်ပေါက်ပြီး ထွက်ပြေး သွားခဲ့ရာ လက်လုပ်မိုင်းမှာ အခွန်ရုံးလုံခြုံရေးဂိတ်တဲဘေး ကားပါကင်အတွင်း ကျ ရောက်ပေါက်ကွဲခဲ့တာကြောင့် အခွန်ရုံး ဝန်ထမ်း အကြီးတန်းစာရေး ဦး…မှာ ဝဲခြေသလုံး ထိမှန်ဒဏ်ရာရ (မစိုးရိမ်ရ)၊ ကားပါကင်အတွင်းရပ်ထားတဲ့ KCN.3D….G Touring အဖြူရောင်ယာဉ်နဲ့ SGG 7R…. KIA အဖြူရောင်ယာဉ်တို့မှာ ယာဉ်နောက်ခြမ်း အချို့ ပျက်စီးမှုရှိခဲ့တယ်လို့ သိရပါတယ်။

Visited 91 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *