မန္တလေးမြို့၊ချမ်းမြသာစည်မြို့နယ်၊ရန်-မန်းလမ်းဟောင်းပေါ်မှာ အောက်တိုဘာ၄ရက်မနက်၁နာရီ၁၅မိနစ်က ဆိုင်ကယ်တိုက်မှုတစ်ခုဖြစ်ပွားခဲ့ပြီး ဆိုင်ကယ်စီးလာသူအ မျိုးသားတစ်ဦး သေဆုံးမှုတစ်ခုဖြစ်ပွားခဲ့တယ်လို့ လူမှုကူညီရေးအသင်းအသိုင်းအဝိုင်းက သိရပါတယ်။
ဖြစ်စဥ်မှာ ဆိုင်ကယ်စီးလာသူအမျိုးသားနှစ်ဦးက ဆိုင်ကယ်ကို အရှိန်လွန်မောင်းနှင်ပြီး လမ်းလယ်ကျွန်းကို တိုက်မိခဲ့ကာ အမျိုးသား၁ဦးသေဆုံးပြီး ၁ဦးထိခိုက်ဒဏ်ရာရခဲ့တာ လို့ သိရပါတယ်။
ဆိုင်ကယ်တိုက်မှုဖြစ်ပွားရာကို ရွာဘုံ လူမှုကူညီကယ်ဆယ်ရေးအသင်းနှင့်အတူ တဝမေတ္တာအောက်စီဂျင်နှင့်လူမှုကယ်ဆယ်ရေးအသင်းက အဖွဲ့ဝင်ညီနောင်များက ကူညီ လုပ်ဆောင်ပေးခဲ့ပြီး သေဆုံးနဲ့ထိခိုက်ဒဏ်ရာရသူတို့ကို
ရွာဘုံလူနာတင်ယာဉ်ဖြင့်မန္တလေးဆေးရုံကြီး အရေးပေါ်လူ နာဌာနကို ပို့ဆောင်ကူညီပေးခဲ့တယ်လို့ သိရပါတယ်။
Photo- U Paing Paing Soe
Visited 2 times, 1 visit(s) today