ချင်းပြည်နယ် ပလက်ဝမြို့ကို AAက တိုက်ခိုက်သိမ်း ပိုက်ပြီး AAအလံလွှင့်ထူ

ချင်းပြည်နယ်က ပလက်ဝမြို့ကို AAက တိုက်ခိုက်သိမ်း ပိုက်ပြီး AAအလံလွှင့်ထူနိုင်ခဲ့ပြီလို့ ဇန်နဝါရီလ၁၄ရက်က AAက သတင်းထုတ်ပြန်ခဲ့ပါတယ်။

ပလက်ဝမြို့မှာ ရှိတဲ့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနရုံး၊မြို့နယ်စည်ပင်သာယာရေးရုံး၊ခရိုင်ရဲရုံးနဲ့ မီးသတ်ရုံးတို့မှာ AA အလံ လွှင့်ထူထားတာကို AAရဲ့သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

AAအနေနဲ့ ပလက်ဝဒေသက တပ်မတော်တပ်စခန်းများကို ဇန်နဝါရီလ၁၃ရက်က စတင် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး ဇန်နဝါရီလလ၁၄ရက်ရက်နေ့မှာ ပလက်ဝဒေသတစ်ခုလုံးထိန်းချုပ်နိုင်ပြီလို့ သတင်းထုတ်ပြန်ထားပါတယ်။

Visited 4 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *