ချက်နိုင်ငံက ချားလ်စ်တက္ကသိုလ်အတွင်း သေနတ်နဲ့ ပစ်ခတ်မှု တစ်ခုဖြစ်ပွားခဲ့ပြီး လူ၁၄ဦးသေဆုံးခဲ့ရ

ချက်နိုင်ငံရဲ့ပရာ့ဂ်မြို့က ချားလ်စ်တက္ကသိုလ်အတွင်း ဒီဇင် ဘာလ၂၁ရက်နေ့က တက္ကသိုလ်ကျောင်းသားတစ်ဦးကနေ သေ နတ်နဲ့ပစ်ခတ်မှုတစ်ခု ဖြစ်ပွားခဲ့တာကြောင့် လူ၁၄ဦးသေဆုံး ခဲ့ရပြီး ၂၅ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ APသတင်းဌာနမှာ ဖော်ပြထားပါတယ်။

သေနတ်ပစ်ခတ်မှုမှာ အစောပိုင်းက ၁၅ ဦးသေဆုံးပြီး ၂၄ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ သတင်းထုတ်ပြန်ခဲ့ပေမယ့် ဒီဇင်ဘာ ၂၁ရက်နေ့ ညနေပိုင်းက လူ ၁၄ ဦးသေဆုံးပြီး ၂၅ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ပရာ့ဂ်ရဲမှူး Martin Vondrasek က ထပ်မံပြောကြားခဲ့တာ ဖြစ်ပါတယ်။

အဲဒီသေနတ်ပစ်ခတ်မှုဟာ ချက်သမ္မတနိုင်ငံရဲ့အဆိုးရွားဆုံး အစုလိုက်အပြုံလိုက် ပစ်ခတ်မှုတစ်ခုဖြစ်တယ်လို့ရဲတပ်ဖွဲ့ရဲ့တာဝန်ရှိသူတွေက ပြောကြားခဲ့ပါတယ်။

သေနတ်သမားတက္ကသိုလ်ကျောင်းသားဟာ ချာလီတက္ကသိုလ်ရဲ့ရာဇ၀တ်မှုမှတ်တမ်းမရှိတဲ့ ထူးချွန်ကျောင်းသားတစ်ဦးဖြစ်ပြီး သေနတ်ပစ်ခတ်မှုမတိုင်မီက သူ့ရဲ့ဖခင်ဖြစ်သူကို သေနတ်နဲ့ပစ်သတ်ခဲ့ပြီး ဒီဇင် ဘာ၁၅ရက်နေ့ကလည်း အ မျိုးသားတစ်ဦးနဲ့၂လအ ရွယ်သမီးငယ်ကို သတ်ခဲ့တယ်လို့သံသယရှိနေသူတစ်ဦးဖြစ်တယ်လို့လည်း ပရာ့ဂ်ရဲတပ်ဖွဲ့ကထုတ်ဖော်ပြောကြားထားပါတယ်။

Visited 2 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *