ခေါင်လန်ဖူးမြို့နယ်က ရေခဲရွာလေးလို့နာမည်ကျော်တဲ့ ရှိန်းခေါင်ရွာ မီးဘေးသင့်ခဲ့ရ

ကချင်ပြည်နယ်၊ပူတာအိုခရိုင်၊ခေါင်လန်ဖူးမြို့နယ်က ရေခဲများ အမြဲဖုံးလွှမ်းနေလို့ ရေခဲရွာလေးလို့ နာမည်ကျော်တဲ့ ရှိန်းခေါင်ရွာမှာ နိုဝင်ဘာလ၇ရက်နေ့မနက် ၁၂နာရီ၄၅မိနစ်က မီးဘေးသင့်ခဲ့ရတဲ့အတွက်ကြောင့် အိမ်ခြေ၆၀ကျော် မီးလောင်ဆုံးရှုံးခဲ့တယ်လို့ ဒေသခံသတင်းရင်းမြစ်တွေဆီက သိရပါတယ်။

ရှိန်းခေါင်ရွာမှာ မီးဘေးသင့်ခဲ့ရတဲ့အကြောင်းအရင်းမှာ ရွာအတွင်းရှိ နေအိမ်တစ်အိမ်ကနေ မီးစတင်လောင် ကျွမ်းခဲ့ရခြင်းဖြစ်ပြီး လူနေအိမ်များ၊ဘုရားကျောင်းနဲ့ဂို​ထောင်တွေ မီးလောင်ကျွမ်းခဲ့ရတယ်လို့ သိရပါတယ်။

ရှိန်းခေါင်ရွာဟာ လမ်းပန်းဆက်သွယ်ရေးခက်ခဲတဲ့ ကျေးရွာတစ်ရွာဖြစ်ပြီး ပြည်တွင်းက ခေါင်လန်းဖူးမြို့ကနေ ခြေ လျင်ခရီးအနေနဲ့ သုံးရက်ကြာသွားရောက်ရတဲ့ ရွာဖြစ်တာကြောင့် မီးဘေးသင့်ပြည်သူ၃၀၀ကျော်ရဲ့ စားဝတ်နေရေးကိစ္စများအပေါ် အကူအညီများလိုအပ်နေတယ်လို့ သိရပါတယ်။

Visited 1 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *