ခုနှစ်နိုင်ငံအုပ်စု ထိပ်သီးဆွေးနွေးပွဲ ဂျပန် နိုင်ငံ ဟီရိုရှီးမားမြို့မှာစတင်

အမေရိကန်ဦးဆောင်တဲ့ ခုနှစ်နိုင်ငံအုပ်စု ထိပ်သီးဆွေးနွေးပွဲ ဂျပန်နိုင်ငံ ဟီရိုရှီးမား မြို့မှာ မေ ၁၉ရက်ကနေ စတင်ပြီဖြစ် တယ်။

အမေရိကန်၊ ကနေဒါ၊ ပြင်သစ်၊ ဂျာမနီ၊ အီ တလီ၊ဂျပန်၊ ဗြိတိန်က သမ္မတတွေ၊ ဝန်ကြီး ချုပ်တွေနဲ့ ဥရောပသမဂ္ဂက ခေါင်းဆောင် ပိုင်းတွေစုံနေကြပြီ။အမှတ်တရဓာတ်ပုံတွေရိုက် နေ့လယ်စာအတူစားရင်း စကားဝိုင်း ဖွဲ့နေကြတယ်။ နောက်ထပ်လာမယ့် လူတွေ ရှိသေးလို့စောင့်နေကြတာဖြစ်တယ်။

အိမ်ရှင်ဂျပန်ဝန်ကြီးချုပ်ဖုမိအောကိရှိဒနဲ့ ဂျိုးဘိုင်ဒင်တို့ ပေါင်းပြီး ဖိတ်ကြားထားတဲ့ ခေါင်းဆောင်၈ဦးလာကြပါလိမ့်ဦးမယ်။ ဩစတြေးလျ၊ အိနိ္ဒယ၊ ဘရာဇီး၊ တောင် ကိုရီးယား၊ ဗီယက်နမ်၊ အင်ဒိုနီးရှား၊ (အာ ဖရိကသမဂ္ဂကိုယ်စားပြု) ကိုမိုရော့စ် နဲ့ (ပိစိ ဖိတ်ကျွန်းစုဖိုရမ်ကိုယ်စားပြု)ကွတ်ကျွန်းစု နိုင်ငံတွေက ခေါင်းဆောင်တွေပါ။ အိနိ္ဒယ ဝန်ကြီးချုပ်နာရင်ဒရာ မိုဒီကတော့ လာနေပြီ လို့ နောက်ဆုံးသတင်းတွေ အရ သိရပါ တယ်။

အခုနှစ်မှာ ဒီလို အင်အားအခိုင်အမာဖွဲ့ စည်းပြီး တွေ့ဆုံကြတာ တရုတ်နဲ့ရုရှားရဲ့ ခြိမ်းခြောက်မှုတွေကို ဖယ်ရှားရှင်း လင်းဖို့ အဲဒီနှစ်နိုင်ငံကို ပိတ်ဆို့အရေးယူဖို့ ဖြစ်တယ်လို့ သတင်းပေါက်ကြားထားတဲ့ အတွက် ဟီရိုရှီးမားမြို့က ဂျီဆဲဗင်းအလိုမရှိ အရင်းရှင်ထိပ်သီးဆွေးနွေးပွဲအလိုမရှိ ယူကရိန်းကို လက်ရှောင်ကြ တရုတ်ကို စစ်

တိုက်တာ အလိုမရှိ အစရှိတဲ့ အင်္ဂလိပ်နဲ့ ဂျပန်လို ရေးထားတဲ့ စာတန်းတွေကိုင် ဆောင်ပြီး မေ ၁၈ရက်မှာ ဆန္ဒပြကြနေ ကြပါတယ်။

Ref: CNN

Visited 1 times, 1 visit(s) today

Leave a Reply

Your email address will not be published. Required fields are marked *