ဆစ်ဒနီ၊ ဩဂုတ် ၃
ကမ္ဘောဒီးယားနိုင်ငံကနေ တရားမဝင် ခိုးယူလာတယ်လို့ သိရပြီးတဲ့နောက် ဩစတေးလျအမျိုးသားအနုပညာပြခန်းက ရှေးဟောင်းရုပ်တု သုံးခုကို မူလပိုင်ရှင် ကမ္ဘောဒီးယားကို ပြန်ပို့လိုက်ပြီလို့ ဩဂုတ်လ ၃ရက် ဆစ်ဒနီက လာတဲ့ သတင်း တွေမှာ ဖော်ပြထားပါတယ်။
ပြခန်းတာဝန်ခံတွေရဲ့ ပြောပြချက်တွေက ဒီ ရုပ်တုတွေက ခိုးယူခဲ့တာဆိုတာ သေချာသွားတဲ့နောက်တော့ အခုလို ပြန်လွဲ ပေးခဲ့တာလို့ ဆိုပါတယ်။
၉ ရာစုကနေ ၁၀ ရာစုအတွင်း လက်ရာတွေလို့ ဆိုရမယ့် အဲ့ဒိ ကြေးရုပ်တုတွေကို ဗြိတိသျှပန်းချီအရောင်း ကိုယ်စားလှယ် ဒေါက်ကလပ်စ် လတ်ချ်ဖို့ ဆိုသူဆီကနေ ၂၀၁၁ ခုနှစ်မှာ အမေရိကန် ဒေါ်လာ ၁ဒသမ၅ သန်းနဲ့ ဩစတြေးလျ ပြခန်းက ဝယ်ခဲ့တာလို့ ပြောပါတယ်။ နောက်ပိုင်းတော့ ဆိုခဲတဲ့ ရုပ်တုတွေ အပေါ်သံသယ ဖြစ်ခဲ့ရာက အခုလို စုံးစမ်းဖော်ထုတ်ပြီး ပိုင်ရှင်ဆီ ပြန်ပေးတဲ့ အခြေအနေအထိ လုပ်နိုင်ခဲ့တာလို့ ပြခန်း တာဝန်ရှိသူက ပြောပါတယ်။
ပြခန်းကို ရောင်းခဲ့တဲ့ မစ္စတာ လတ်ချ်ဖို့ ကတော့ ရှေးဟောင်းပစ္စည်းတွေ ခိုးယူရောင်းဝယ်မှုနဲ့ တရားစွဲဆိုခံရပြီး တစ်နှစ် အကြာ ၂၀၂၀ ခုနှစ်မှာ ကွယ်လွန်ခဲ့ပါတယ်။
လွှဲပြောင်းပေးအပ်တဲ့ အခမ်းအနားမှာ သြစတြေးလျနိုင်ငံရဲ့ အနုပညာဆိုင်ရာ အထူးကိုယ်စားလှယ် ဆူဇန် တန်ပလေမန် က ရုပ်တုတွေကို ကမ္ဘောဒီးယားဆီ ပြန်လည်လွှဲပြောင်းပေးနိုင်ခဲ့တာဟာ သမိုင်းဝင်အမှားကို အမှန်ပြင် လိုက်နိုင်တဲ့ အခွင့်အရေးတစ်ခုဖြစ်တယ်ဆိုပြီး ပြောိဆို့ခဲ့ကြောင်းလည်း သိရပါတယ်။
Ref: AFP
ပုံစာအညွှန်း။ ရှေးဟောင်းရုပ်တု သုံးခုကို တွေ့ရပုံ
Photo Credit: Photo: National Gallery of Australia