ဘန်ကောက်၊ ဇူလိုင် ၈
ထိုင်းအစိုးရအနေနဲ့ နိုင်ငံတွင်း ကမ္ဘာလှည့်ခရီးသွားတွေ ငွေ ပိုသုံးစွဲလာအောင် ရည်ရွယ်တဲ့ အနေနဲ့ အပြည်ပြည်ဆိုင်ရာလေဆိပ်တွေရဲ့ ဆိုက်ရောက်ရာနေရာတွေမှာ ဖွင့်ထားတဲ့ အခွန်လွတ်ဆိုင်တွေကို ပိတ်တော့မယ်လို့ သိရပါတယ်။
သတင်းတွေအရ ဘန်ကောက်မြို့ က သုဝဏ္ဏဘူမိနဲ့ ဒွန်မောင်း အပါအဝင် နိုင်ငံတကာ လေဆိပ် ရှစ်ခုမှာ ဖွင့်ထားတဲ့ အကောက်ခွန်မဲ့ စီးပွားရေး လုပ်ငန်း ၃ ခုဟာ လုပ်ငန်းလည်ပတ်မှု ရပ်ဆိုင်းဖို့ သဘောတူခဲ့ကြောင်း ဘန်ကောက်ပို့စ် သတင်း မှာ ဖော်ပြထားပါတယ်။
အလားတူ ဆိုင်တွေ ပိတ်ကြမယ့် အခြားလေဆိပ်တွေကတော့ ချင်းမိုင်၊ ဖူးခက်၊ ဟတ်ယိုင်၊ရယောင်းနဲ့ စမွီးစတာတွေပဲ ဖြစ်ပါတယ်။
လုပ်ငန်းတွေ ရပ်လိုက်ဖို့အတွက်ကတော့ ရက်သတ်မှတ်ထားတာ မရှိသေးတဲ့အကြောင်း မီဒီယာ အသီးသီးရဲ့ ဖော်ပြချက်တွေအရ သိရပါတယ်။
၂၀၂၃ခုနှစ်မှာ လေဆိပ်တွေက အကောက်ခွန်မဲ့ ဆိုင်တွေရဲ့ ရောင်းအားက ထိုင်းဘတ်ငွေ ၃ဒသမ ၀၂ ဘီလီယံ (အမေရိကန်ဒေါ်လာ ၈၂ ဒသမ ၉ သန်း) ရှိတယ်လို့ အကောက်ခွန်ဌာနက တစ်ဆင့် သိရပါတယ်။
အခုလို လုပ်မယ့် အစီအစဉ်ကြောင့် နိုင်ငံခြားဧည့်သည်တစ်ယောက်ချင်းစီရဲ့ ထိုင်နိုင်ငံမှာ သုံးတဲ့ငွေ ဘတ်ငွေ ၅၇၀ ဝန်းကျင် တိုးလာဖို့ အစိုးရက ခန့်မှန်းထားတယ်လို့ သိရပါတယ်။
Ref: CNA
ပုံစာ။ ထိုင်းလေဆိပ်က အခွန်လွတ်ဆိုင်တချို့ကို တွေ့ရပုံ
Feature Image credit: BANGKOK AIRPORT.COM



