ခရီးသည်တင်ယာဉ်ဖြင့် ခိုးတင်သွားသည့် ဘင်္ဂါလီ ၆ ဦး နှင့် ယာဉ်မောင်းတို့ အဖမ်းခံရ

ရန်ကုန် မှ မြဝတီသို့ “ရတနာ” မော်တော်ယာဉ်လိုင်းမှ ယာဉ်အမှတ် MDY 4C/ 8448 FUSO အမျိုးအစား အနီရောင်ယာဉ်ဖြင့် ခိုးတင်သွားသော ဘင်္ဂါလီ ၆ ဦး ကို ယနေ့ ဇွန်လ ၁၉ ရက် တွင် မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ မရမ်းချောင်းကျေးရွာ၊ မရမ်းချောင်း အမြဲတမ်းစစ်ဆေးရေးစခန်း၌ ဖမ်းမိခဲ့ကြောင်း သိရသည်။

ယင်းတို့မှာ အထောက်အထားမဲ့များ ဖြစ်ပြီး အမျိုးသား ၃ ဦး၊အမျိုးသမီး ၂ ဦး နှင့် ကလေးငယ်တစ်ဦး ပါဝင်ကြောင်း၊ယာဉ်၏ ဝမ်းဗိုက်အောက်ပိုင်း ပစ္စည်းများထည့်သည့်နေရာတွင် ထည့်၍ ခိုးတင်လာခြင်းကြောင့် အဆိုပါ ယာဉ်ကို မောင်းနှင်သူ မျိုးအောင်(ခ) ရွှေမြ ဆိုသူအားလည်း ဖမ်းဆီးထားကြောင်း သိရသည်။

ဖမ်းဆီးရမိသူ ဘင်္ဂါလီ ၆ ဦး နှင့် ယာဉ်မောင်းတို့အား တည်ဆဲ ဥပဒေများအရ အရေးယူဆောင်ရွက်မည် ဖြစ်ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *