ကျည်ထိမှန်တဲ့ကားပေါ်မှာ လူ၂ဦးသေဆုံး ၁ဦးဒဏ်ရာရ၂၀၁၄ခုနှစ်ကတည်းက ရုရှားသိမ်းပိုက်ထားတဲ့ ခရိုင်းမီးယားကျွန်းဆွယ်နဲ့ ရုရှားနိုင်ငံ ခရာစနိုဒါဒေသတို့အကြားချိတ်ဆက်ပေးထားပြီး ကားလမ်းနဲ့ မီးရထားလမ်း ၁၂မိုင်ရှည်လျားစွာ ထည့်သွင်းတည်ဆောက်ထားတဲ့ ခရိုင်းမီးယားတံတား ဇူလိုင်၁၇ရက် မနက်စောစောပိုင်းမှာ ပစ်ခတ်တိုက်ခိုက်ခံရတယ်။
နံနက်၃နာရီ၄မိနစ်မှာ တစ်ကြိမ် ၃နာရီ၂၀မိနစ်မှာ တစ်ကြိမ် ၁၅မိနစ်ကျော်ကျော်လောက်ပဲခြားပြီး စုစုပေါင်း၂ကြိမ်တိုက်ခိုက်ခံရတာဖြစ်တယ်လို့ ရုရှားအခြေစိုက် ဝပ်ဂနာကြေးစားတပ်နဲ့ဆက်နွယ်တဲ့ တယ်လီဂရမ်ချန်နယ်တစ်ခုက ဖော်ပြတယ်။
ကားတစ်စင်းကျည်ထိမှန်ပြီး မိခင်နဲ့ဖခင်လို့ ယူဆရသူနှစ်ဦးသေဆုံးတယ်။ သူတို့ရဲ့သမီးလို့ ယူဆရသူတစ်ဦးဒဏ်ရာရတဲ့အကြောင်း ရုရှားနိုင်ငံတောင်ပိုင်း ဘဲလ်ဂိုရော့ဒ်ဒေသ အုပ်ချုပ်ရေးမှူးဗယာချေစလတ်ဂလာဒကော့ဗ်က သူ့ရဲ့တယ်လီဂရမ်မှာ အတည်ပြုတယ်။
တံတားပေါ်က မိုင်တိုင်အမှတ် ၁၄၅အနီးမှာ အရေးပေါ်အခြေအနေဖြစ်ပွါးလို့ ယာဉ်အသွားအလာကို ပိတ်ထားလိုက်ရကြောင်း ခရိုင်းမီးယား အုပ်ချုပ်ရေးမှူး ဆာဂေးအတ်စယိုနော့ဗ်က ထုတ်ဖော်ပြောကြားတယ်။
သက်ဆိုင်ရာဥပဒေစိုးမိုးရေးအဖွဲ့အစည်းတွေက တံတားပေါ်ကအခြေအနေအရပ်ရပ်ကို ပုံမှန်အတိုင်းပြန်ဖြစ်စေဖို့ စစ်ဆေးဆောင်ရွက်မှုတွေ လုပ်ဆောင်နေတယ်လို့ သူက ဆက်လက်ပြောကြားပေမယ့် ခရိုင်းမီးယားတံတာပေါ်မှာ ဘာတွေဖြစ်နေတယ်ဆိုတာ အသေးစိတ်မပါရှိဘူး။
ရုရှားအခြေစိုက် တာ့စ်သတင်းဌာနကလည်း အဲဒီတံတားပေါ်မှာ အရေးပေါ်အခြေအနေဖြစ်ပွါးခဲ့လို့ မီရထားသွားလာချိန်တွေ အပြောင်းအလဲရှိနိုင်တယ်လို့ပဲ ဖော်ပြတယ်။ Ref:
Aljazeera